Home
သတင်းဓာတ်ပုံ
လီဗာပူးတိုက်စစ်မှူး ဂျိုတာ၏ ဈာပနကို ပေါ်တူဂီတွင် ကျင်းပမည်၊ အန်းဖီးလ်ကွင်း၌ လွမ်းသူ့ပန်းများ ချထား (ဓာတ်ပုံ)
DVB
·
July 4, 2025

ယာဉ်မတော်တဆမှုကြောင့် ရုတ်တရက် ကွယ်လွန်သွားတဲ့ ပေါ်တူဂီနဲ့ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဒီယေဂိုဂျိုတာအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် လွမ်းသူ့ပန်းတွေကို လီဗာပူးပရိသတ်တွေက အန်းဖီးလ်ကွင်းမှာ သွားရောက်ချထားနေကြပြီး သူ့ရဲ့ ဈာပနအခမ်းအနားကိုတော့ မွေးရပ်မြေ ပေါ်တူဂီနိုင်ငံမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

အသက် ၂၈ နှစ်ရှိ လီဗာပူးတိုက်စစ်ကစားသမားဟာ ရာသီကြိုလေ့ကျင့်မှုတွေ မစတင်ခင် အားလပ်ရက်ကာလအတွင်း ဇူလိုင် ၃ ရက်က စပိန်နိုင်ငံ ဇာမိုရာမြို့မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကွယ်လွန်သွားခဲ့တာပါ။

ကားပေါ်မှာ ညီဖြစ်သူ အန်ဒရီလည်း ပါဝင်ပြီး ရှေ့ကားကို ကျော်တက်စဉ်မှာ သူစီးလာတဲ့ လမ်ဘော်ဂီနီကားရဲ့ တာယာပေါက်ထွက်ခဲ့တာကြောင့် တိမ်းမှောက်သွားခဲ့ပြီး မီးလောင်သွားခဲ့တာပါ။

ဂျိုတာနဲ့ ညီဖြစ်သူတို့ရဲ့ ကျွင်းကျန်ရုပ်အလောင်းကို စပိန်နိုင်ငံ အနောက်မြောက်ပိုင်းက ပွယ်ဘလာဒီဆာနာဘရီယာမြို့ဆီ ဦးစွာ သယ်ဆောင်သွားခဲ့တာပါ။

အဲဒီနောက် ပေါ်တူဂီနိုင်ငံဆီ သယ်ဆောင်သွားခဲ့ပြီး ညီအစ်ကိုနှစ်ယောက်ရဲ့ မွေးရပ်မြေ ပေါ်တိုနဲ့ နာရီဝက်အကြာ ကားမောင်းရင်ရောက်တဲ့ ဆာအိုကော့စ်မယ်မြို့ဆီ ဆက်လက်သယ်ဆောင် သွားခဲ့တာပါ။

အဲဒီမြို့မှာပဲ ကက်သလစ်ဘာသာဝင်တွေရဲ့ ထုံးစံအတိုင်း ဈာပနအခမ်းအနားကို လာမယ့် ဇူလိုင် ၈ ရက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဂျိုတာဟာ မကွယ်လွန်မီ သီတင်း ၂ ပတ်လောက်ကမှ အထက်တန်းကျောင်းသားဘဝကတည်းက တွဲခဲ့တဲ့ သူ့ရဲ့ချစ်သူနဲ့ မင်္ဂလာဆောင် လက်ထပ်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ ကလေး ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။

Photo: Reuters

ဈာပန
လီဗာပူးတိုက်စစ်မှူး
ဂျိုတာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013