Home
နိုင်ငံတကာ
ဖော်ဒိုးနှင့် အခြားအီရန် နျူကလီယားစခန်းများကို အမေရိကန် ဗုံးကြဲတိုက်ခိုက်
DVB
·
June 22, 2025

အီရန်နိုင်ငံရှိ ဖော်ဒိုးနဲ့ တခြားနျူကလီးယားစခန်းတွေကို အမေရိကန်က ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့  သမ္မတဒေါ်နယ်ထရမ့်ပ်က အတည်ပြုပါတယ်။

တိုက်ခိုက်မှုတွေ အင်မတန်အောင်မြင်ပြီးတော့ မြေအောက်မှာ တည်ဆောက်ထားတဲ့ အီရန်ရဲ့ ပင်မယူရေနီယမ်သန့်စင်စခန်း ဖော်ဒိုးကိုဗုံးတွေ ဝန်အပြည့်ကြဲချခဲ့တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ဒီစခန်းဟာ အမေရိကန်ရဲ့ ပေါင် ၃၀၀၀၀ ဗုံးနဲ့တိုက်မှ ရမယ်လို့ ခန့်မှန်းခဲ့ကြတဲ့နေရာ ဖြစ်ပါတယ်။

အီရန်နိုင်ငံပိုင်မီဒီယာကလည်း ဖော်ဒိုးစခန်းနေရာတချို့ကို ရန်သူ့တိုက်ခိုက်မှုတွေ ထိမှန်တယ်လို့ ကြေညာပါတယ်။

ထရမ့်ပ်ဟာ ဇွန် ၂၁ ရက် ဒေသစံတော်ချိန်ည ၁၀ နာရီ ( မြန်မာစံတော်ချိန် ၂၂ ရက် မနက် ၉ နာရီခွဲ) မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံကို ရုပ်သံမိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

အစောပိုင်းကတည်းက ပေါင် ၃၀၀၀၀ ဗုံးသယ်နိုင်တဲ့ B-2 ဗုံးကြဲလေယာဉ်တွေကို ဂူအမ်ကျွန်းကို ရွှေ့ထားတဲ့ သတင်းထွက်နေခဲ့တာပါ။

တူရကီသမ္မတနဲ့တွေ့ဖို့ အစ္စတန်ဘူလ်ကို ရောက်နေတဲ့ အီရနိနိုင်ငံခြားရေးဝန်ကြီးကတော့ အစ္စရေး-အီရန်စစ်ပွဲမှာ အမေရိကန်ဝင်ပါလာတာ အင်မတန် အန္တရာယ်ကြီးသွားပြီလို့ ဝေဖန်ထားပါတယ်။

Source: Reuters

အမေရိကန်
အီရန်
ဗုံးကြဲတိုက်ခိုက်
နျူကလီးယားစခန်း
ဖော်ဒိုး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013