
ဝရန်တာကနေကျော်တက်လာပြီး အိမ်ထဲဝင်ခိုးနေချိန် အိမ်ရှင်လင်မယားနဲ့ထိပ်တိုက်တွေ့ပြီး ၂ ယောက်လုံးကို ဓားနဲ့ထိုးခဲ့တာလို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဇနီးဖြစ်သူက စိုးရိမ်ရတဲ့ဒဏ်ရာနဲ့ စံပြဆေးရုံကိုပို့ဆောင်ကုသနေရပြီး ခင်ပွန်းဖြစ်သူကတော့ ဓားဒဏ်ရာ ၁၉ ချက်နဲ့ သတိပြန်မရတော့ဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကို ကိုယ်တိုင်သွားရောက်ကူညီခဲ့တဲ့ ရွှေမေတ္တာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ မရွှေလဲ့က “အရေးပေါ်အခြေအနေမှာ ဇနီးဖြစ်သူတယောက်တော့ ရအောင် Save နိုင်လိုက်ပါတယ်။ လူနာကူလာတဲ့ ၁၀ နှစ်ကျော်သက်တမ်းမှာ ညအိပ်ဂါဝန်နဲ့လူနာကူရတာပဲ။ ဓားထိုးခံရတဲ့လူနာရှိတယ် အမြန်လာဆိုလို့ပြေးတာ။ ရောက်တော့သွေးထွက်လွန်လူနာ (မ) နဲ့ already exit DB (ကျား) တစ်ဦး၊ ကိုယ်တိုင်နာကျင်နေပါလျက်နဲ့ ကျွန်မယောကျ်ားကိုကူပေးပါဆိုတဲ့ အစ်မကို အစ်မယောကျ်ား ဆုံးသွားပြီလို့မပြောထွက်ပဲ အစ်မရှင်သန်ဖို့အရကူ သွေးထိန်းပြီး ဆေးရုံပို့ရတယ်။ ရှင်ပြီဆိုမှ အသက်ဝဝရှူနိုင်တယ် ညအချိန် ပစ္စည်းလာခိုးရင်း လူကိုအန္တရာယ်လုပ်ခံရတာပါ” လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ ရေးသားထားပါတယ်။
မြန်မာနိုင်ငံတဝန်း ပြန်ပေးဆွဲ၊ လုယက်မှု၊ ဓားပြမှု စတဲ့ဒုစရိုက်မှုတွေဟာ မြို့ပြတွေအထိ အဖြစ်များလာနေတာကြောင့် လုံခြုံမှုမရှိသလို ခံစားနေကြရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း အလုပ်လက်မဲ့တွေပိုများလာတဲ့အပြင် ရန်ကုန်လို မြို့ပြကြီးတွေမှာလည်း ပေါ်ပေါ်တင်တင် ဓားပြတိုက်၊ လုယက်တာတွေများလာနေတာပါ။
Photo : ရွှေမေတ္တာလူမှုကူညီရေးအသင်း