
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေဟာ အစာအိမ်ပြဿနာကြောင့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပရာအမေရိကမှာ ဆေးကုသမူခံယူနေရပါတယ်။
ရီးရဲလ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ အယ်လ်ဟီလာနဲ့ တဂိုးစီသရေကျခဲ့ပြီး အမ်ဘာပေ မပါဝင်နိုင်ခဲ့ပါဘူး။
အမ်ဘာပေဟာ အစာအိမ်ယောင်ယမ်းတဲ့ ဝေဒနာခံစားနေရပြီး ဖျားနာနေတာကြောင့် အမေရိက ခရီးစဉ်မှာ ဆေးရုံတက်ရောက် ကုသနေရတယ်လို့ ရီးရဲလ်အသင်းကတရားသတင်းထုတ် ပြန်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ဒုတိယပွဲစဉ်မှာလည်း အမ်ဘာပေ ပါဝင်နိုင်ဖို့ မသေချာသေးဘဲ အခြေအနေကို စောင့်ကြည့်သွားရမယ်လို့ နည်းပြအလွန်ဆိုက ပြောပါတယ်။
အစာအိမ် ယောင်ယမ်းတဲ့ ပြဿနာက တပတ်လောက်အထိ အနားယူရနိုင်လို့ ကွာတားဖိုင်နယ် အဆင့်လောက်ရောက်မှသာ အမ်ဘာပေပြန်လည်ပါဝင်နိုင်တယ်လို့ မီဒီယာတွေက ရေးသားကြ ပါတယ်။
Photo: Reuters