Home
အားကစား
တားမြစ်ဆေးပြစ်ဒဏ်ကြောင့် ချဲလ်ဆီးတောင်ပံကစားသမား မူဒရစ်ခ် ၄ နှစ်ပွဲပယ်ခံရနိုင်
DVB
·
June 21, 2025

ချဲလ်ဆီးတောင်ပံကစားသမား မူဒရစ်ခ်ဟာ တားမြစ်ဆေးပြစ်ဒဏ်ကြောင့် ၄ နှစ် ပွဲပယ်ခံရနိုင်ပါတယ်။

အသက် ၂၄ နှစ်ရှိ ယူကရိန်းကစားသမားဟာ မနှစ်ကရာသီကတည်းက တားမြစ်ဆေး စစ်ဆေးတွေ့ရှိမှု ကြောင့် ပွဲပယ်ခံထားရတာပါ။

လက်ရှိအချိန်မှာတော့ မူဒရစ်ခ်ကို တားမြစ်ဆေး သုံးစွဲမှုနဲ့ အရေးယူဖို့ အင်္ဂလန်အက်ဖ်အေဘက်က အတည်ပြုခဲ့ပြီး တားမြစ်ဆေးစည်းမျဉ်း အပိုဒ် ၃ နဲ့ ၄ ကို ချိုးဖောက်ခဲ့တာ ကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ အမှုတည်ဆောက်နေဆဲအချိန်ဖြစ်လို  ဘယ်လောက်ပွဲပယ်ခံရနိုင်တယ်ဆိုတာမျိုး မပြောနိုင်သေးကြောင်း အက်ဖ်အေဘက်က ထုတ်ပြန်ပါတယ်။

မူဒရစ်ဘက်ကတော့ တားမြစ်ဆေး သုံးစွဲမှုမရှိကြောင်း ငြင်းဆန်ထားပြီး အက်ဖ်အေရဲ့ စစ်ဆေးမှုတွေကို အသင်းနဲ့ပူးပေါင်းပြီး ခုခံချေပသွားမယ်လို ပြောပါတယ်။

မူဒရစ်ခ်အနေနဲ့ အက်ဖ်အေရဲ့ စွဲချက်အတိုင်းပြစ်မှုထင်ရှားမယ်ဆိုရင် ၄ နှစ်အထိ ပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။ 

Photo: Reuters

တားမြစ်ဆေး
မူဒရစ်ခ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013