Home
အားကစား
မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် နယူးကာဆယ် ကြိုးပမ်း
DVB
·
June 21, 2025

နယူးကာဆယ်အသင်းဟာ မန်ယူတိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ် လို့ သတင်းထွက်ပေါ်လာပါတယ်။

အသက် ၂၇ နှစ်ရှိ အင်္ဂလန်တောင်ပံကစားသမားဟာ နည်းပြအာမိုရင်ရဲ့ အနာဂတ်အစီအစဉ်မှာ မပါဝင်တော့တဲ့ ကစားသမားဖြစ်ကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

မနှစ်ကရာသီကတည်းက အက်စ်တန်ဗီလာအသင်းမှာ အငှားထွက်ကစားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဗီလာပါ့ခ်မှာ ၁၇ ပွဲကစားပြီး ၄ ဂိုးသွင်း ၆ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့တာပါ။

နယူးကာဆယ်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ကစားသမားဘဝ တဆစ်ချိုးပြောင်းလဲအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ မက်လုံးအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကစားရမယ့် အခွင့်အရေးနဲ့လည်း စည်းရုံးသိမ်းသွင်းဖို့ ရည်ရွယ်ထားကြောင်း The Sun သတင်းမှာဖော်ပြပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ကျန်သေးပြီး တပတ်လုပ် ခပေါင် ၃ သိန်းကျော်ရရှိနေသူ ဖြစ်ပါတယ်။ 

Photo: Reuters

နယူးကာဆယ်
ရက်ရှ်ဖို့ဒ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013