Home
မြန်မာသတင်း
NUCC အပါအဝင် တော်လှန်ရေးအင်အားစုများကို အာဆီယံအထူးကိုယ်စားလှယ်ရုံးက သီးခြား တွေ့ဆုံ
DVB
·
June 20, 2025

အာဆီယံအထူးကိုယ်စားလှယ်ရုံးက တာဝန်ရှိသူတွေနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် တော်လှန်ရေးအင်အားစုတွေ ထိုင်းနိုင်ငံမှာ သီးခြားစီ တွေ့ဆုံခဲ့ပြီး လက်ရှိတော်လှန်ရေးကာလအခြေအနေတွေ ကျော်လွှားနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့သူတချို့ထံက DVBက စုံစမ်းသိရပါတယ်။ 

အာဆီယံအထူးကိုယ်စားလှယ်ရုံးက တာဝန်ရှိသူ ၂ ယောက်နဲ့ ဘန်ကောက်မြို့ မလေးရှားသံရုံးက သံအရာရှိ တယောက်နဲ့ တွေ့ဆုံခဲ့တာမှန်ကန်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ပြောရေးဆိုခွင့်ရှိသူက ဦးတိုးကျော်လှိုင်က အတည်ပြုပေမဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း အရာကို တော့ NUCC က သတင်းထုတ်ပြန်မယ်လို့ ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရုံးတာဝန်ရှိသူတွေဘက်ကတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အကြောင်းအရာတွေကို ပြောဆိုခဲ့ပြီး တော်လှန်ရေးအင်အားစု တွေဘက်ကတော့ ထုတ်ပြန်ထားတဲ့ ဦးတည်ချက် ၆ ချက်ပေါ်မှာသာ ရပ်တည်တဲ့အကြောင်း ပြောဆိုခဲ့ကြတယ် ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလိုလားတဲ့အချက်တွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းဖို့ စစ်တပ်က နိုင်ငံရေးကထွက်ဖို့ အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက်ဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ 

ဒီဆွေးနွေးပွဲမှာ တော်လှန်ရေးအဖွဲ့တွေထဲက ဘယ်အဖွဲ့တွေတက်သလဲဆိုတာကို အသေးစိတ်သိရဖို့  DVB သတင်းဌာနက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အာဆီယံ
NUCC

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013