Home
မြန်မာသတင်း
မြန်မာ့အရေး ပိုမိုခိုင်ခိုင်မာမာလုပ်ဆောင်ရန် အာဆီယံအဖွဲ့ဝင်များကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
DVB
·
June 20, 2025

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စုပေါင်းသန္နိဋ္ဌာန်ကို ပိုမိုပြီးတော့ ခိုင်ခိုင်မာမာ လုပ်ဆောင်ကြဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်က  တိုက်တွန်းလိုက်တဲ့အ ကြောင်း The Sun Malaysia သတင်းမှာ ဇွန် ၁၉ ရက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ပြည်တွင်းပဋိပက္ခဟာ အရှေ့တောင်အာရှမှာ ရင်ဆိုင်နေရတဲ့ အပြင်းထန်ဆုံးနဲ့ မဖြေရှင်းနိုင်တဲ့ စိန်ခေါ်မှုတွေထဲက တခုအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ဝန်ကြီးချုပ် အန်နဝါက အလေးပေးပြောကြားခဲ့သလို ဒေသဆိုင်ရာ အစုအဖွဲ့တွေအနေနဲ့ ထုတ်ပြန်ချက်တွေ ထက်ကျော်လွန်ပြီးတော့ လုပ်ဆောင်ချက်တွေကို အသွင်ပြောင်းသင့်ကြောင်းလည်း ပြောလိုက်တာပါ။

ဒါ့အပြင် ရှေ့ဆက်ရမယ့် လမ်းကြောင်းမှာ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် အာဆီယံအနေနဲ့ အားနည်းမသွားအောင် စည်းလုံးညီညွတ်စွာ လုပ်ဆောင်ဖို့နဲ့ အကြမ်းဖက်မှုတွေ တိုးမြင့်မလာစေရေးနဲ့ မြန်မာနိုင်ငံက ဦးဆောင်တဲ့ မြန်မာပိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံက မိတ်ဖက်အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လေးနက်တဲ့ တာဝန်ရှိတယ်လို့ ယူဆတဲ့အ ကြောင်းလည်း သူက ပြောပါတယ်။

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ ကျင်းပတဲ့ ၃၈ ကြိမ်မြောက် အာရှ-ပစိဖိတ် အ စည်းအဝေးမှာ ဝန်ကြီးချုပ် အန်နဝါက  ခုလိုပြောလိုက်တာပါ။ မလေးရှားနိုင်ငံကတော့ အခု ၂၀၂၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ်တာ ဝန်ယူထားတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်တွေအတွင်းမှာ ဂျာကာတာမှာကျင်းပခဲ့ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့တာ ဖြစ်ပြီး အခုအချိန်အထိ တချက်မှ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။

ဘုံသဘောတူညီချက်တွေထဲမှာတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး၊ သက်ဆိုင် သူတွေ တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံ အထူးသံတမန်က ကြားဝင်ညှိနှိုင်းပေးရေး၊ အာဆီယံကတဆင့် လူသားချင်းစာနာမှုအကူအညီတွေပေးရေးနဲ့ အာဆီယံအထူး သံတမန် မြန်မာပြည်ကိုလာပြီး သက်ဆိုင်တဲ့အဖွဲ့တွေ အားလုံးနဲ့တွေ့ဆုံရေးတို့ ပါဝင်ပါ တယ်။

Source : The Sun Malaysia News

မလေးရှားဝန်ကြီးချုပ်
မြန်မာ့အရေး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013