Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲပြီးနောက် နေရပ်ရှောင်ရွာသားများ အကူအညီမရ
DVB
·
June 20, 2025

အင်ဒိုနီးရှားနိုင်ငံ၊ ဖလောရက်စ်ကျွန်းရဲ့ အရှေ့တောင်ဘက်ရှိ လယ်ဝိုတိုဘီ လာကီလာကီ မီးတောင်ကြီး လတ်တလော ပေါက်ကွဲမှုကြောင့် နေအိမ်စွန့် ထွက်ခွာခဲ့ရတဲ့ အင်ဒိုနီးရှားရွာသားတွေဟာ ယာယီခိုလှုံရေးစခန်းတွေမှာ အကူအညီ လုံလုံလောက်လောက် မရသေးဘူးလို့ ပြောကြပါတယ်။

လက်ရှိ ခိုလှုံရေးစခန်းမှာ သူတို့မိသားစုတွေအတွက် စားစရာ ထမင်းအလုံအလောက် မရရှိနိုင်ဘူးလို့ ဆိုပါတယ်။

အဲဒါကြောင့် ဘေးဥပဒ်ရှိပေမဲ့ အရှေ့ နူဆာတန်းဂါရာ ပြည်နယ်ရှိ မီးတောင်အန္တရာယ်ဇုန်နဲ့ နီးကပ်တဲ့ သူ့ရွာကိုပြန်ပြီး ချော်ပြာတွေဖုံးနေတဲ့ သူ့အိမ်ကနေ ချက်ပြုတ်ဖို့ လိုအပ်တာတွေ ယူခဲ့ပြီးတော့ ခိုလှုံရေးစခန်းဆီ ပြန်လာခဲ့ရကြောင်း အဂါတာ အူနာ ရာဂျန်က ပြောပါတယ်။

သူတို့နေရတဲ့တဲမှာ လူပေါင်း ၄၆ ယောက် ရှိပေမဲ့ ရထားတဲ့ဆန်က ဘယ်သူ့အတွက်မှ မလောက်ငဘူးလို့ အဂါတာက ဆိုပါတယ်။

အဂါတာဟာ မနှစ် နိုဝင်ဘာလက လာကီလာကီမီးတောင် ပထမဆုံး အကြီးအကျယ် ပေါက်ကွဲချိန်ကတည်းက ခိုလှုံရေးစခန်းကို ရောက်ရှိလာတာပါ။

တခြားရွာသားတွေကလည်း သူတို့ အကူအညီနဲ့ ထောက်ပံ့ရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရကြောင်း အတည်ပြုခဲ့ပြီး လောလောဆယ် အလုပ်လုပ်လို့ မရနိုင်သေးဘဲ ကလေးတွေလည်း ကျောင်းမတက်နိုင်လို့ စိတ်မကောင်းဖြစ်ရကြောင်း ညည်းတွားကြပါတယ်။

အင်ဒိုနီးရှားမီးတောင် အေဂျင်စီရဲ့ အဆိုအရ လယ်ဝိုတိုဘီ မီးတောင်ဟာ အခုနှစ်အတွင်း ၄၂၇ ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

မနှစ် နိုဝင်ဘာလကတည်းက အကြိမ်ပေါင်းများစွာ ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့တဲ့ မီးတောင်လှုပ်ရှားမှုထဲမှာ ဇွန် ၁၇ ရက် ပေါက်ကွဲမှုကတော့ အကြီးမားဆုံး ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်လှုပ်ခတ်မှု မြင့်မားတဲ့ ကမ္ဘာ့ကျောက်လွှာချပ်တွေပေါ်ရှိ ပစိဖိတ်မီးကွင်းပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

Source: Reuters

အင်ဒိုနီးရှား
မီးတောင်
အကူအညီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013