
ဒိန်းမတ်နိုင်ငံ ဖာနိုကျွန်းမှာ ကျင်းပတဲ့ အကြိမ် ၄၀ မြောက် စွန်လွှတ်ပွဲတော်မှာ နိုင်ငံပေါင်း ၂၆ နိုင်ငံက စွန်ဝါသနာရှင် ၅,၀၀၀ ကျော် ပါဝင်ဆင်နွှဲနေကြပါတယ်။
ဇွန် ၁၉ ရက်ကနေ စတင်တဲ့ ဒီပွဲကို ၂၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး စွန် ၂၅,၀၀၀ ကျော် ပါဝင်မှာ ဖြစ်ပါတယ်။
ဒီပွဲတော်မှာ အများစိတ်ဝင်စားနေကြတာကတော့ မီတာ ၁၀၀ ရှည်တဲ့ အင်ဒိုနီးရှားက စွန်ကြီးဖြစ်ပါတယ်။
ဖွင့်ပွဲမတိုင်မီ ဇွန် ၁၇ ရက်ကတည်းက စွန်တွေ စမ်းသပ်နေကြတာ ဖြစ်ပါတယ်။ ကျယ်ပြန့်ပြီး ပြန့်ပြူးတဲ့ ကမ်းခြေတွေ၊ ကမ်းရိုးတန်းလေ ပုံမှန်တိုက်ခတ်မှုတွေကြောင့် ဒီကျွန်းဟာ စွန်လွှတ်ဝါသနာအိုးတို့ရဲ့ နိဗ္ဗာန်ဘုံအဖြစ် ထင်ရှားပါတယ်။
ဒီပွဲတော်မှာ ဥရောပ၊ အာရှနဲ့ အမေရိကန်ပြည်ထောင်စုက စွန်လွှတ်သူတွေ ပါဝင်ဆင်နွှဲကြပါတယ်။
Source: Reuters