
မန်စီးတီးဝါရင့်နောက်ခံလူ ကိုင်ဝေါ်ကာဟာ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ညာနောက်ခံလူဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့တဲ့ ကစားသမားဖြစ်ပြီး မနှစ်ကရာသီဝက်ကာလကိုလည်း အေစီမီလန်မှာ အငှားထွက် ကစားခဲ့ရတာပါ။
အဲဗာတန်နည်းပြ မိုယက်စ်ဟာ ထွက်ခွာသွားတဲ့ ညာနောက်ခံလူ အက်ရှ်လေယန်း နေရာအတွက် ဝေါ်ကာနဲ့ အစားထိုးဖို့ စိတ်ဝင်စားနေပါတယ်။
ဝေါ်ကာဘက်ကတော့ မန်စီးတီးမှာ ဆက်နေမယ်ဆိုရင် ပွဲထွက်ခွင့်နည်းပါးမှာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်မှာ ပြန်ပါဖို့ အခွင့်အရေး နည်းသွားမှာဖြစ်လို့ အသင်းပြောင်းရွှေ့ဖို့ ရှိပါတယ်။
ဝေါ်ကာအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်လိုနေတယ်လို့ သိရပါတယ်။