Home
အားကစား
လိဂ်ဝမ်းကလပ် ပလိုင်းမောက်အသင်းပိုင်ရှင်ဖြစ်ရန် ဂါရတ်ဘေးလ် ကြိုးပမ်း
DVB
·
June 19, 2025

စပါးနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ လိဂ်ဝမ်းကလပ် ပလိုင်းမောက်အသင်းရဲ့ ပိုင်ရှင်တယောက် ဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်။

ဝေးလ်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၃ ခုနှစ်က ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် ဘောလုံးအသင်းပိုင်ရှင်တယောက် ဖြစ်လာဖို့ နီးစပ်လာတာပါ။

တယ်လီဂရပ်ဖ်သတင်းစာရဲ့ အဆိုအရ ဂါရတ်ဘေးလ်ဟာ အမေရိကန်ရင်နှီးမြှုပ်နှံမှု အဖွဲ့တဖွဲ့နဲ့ ချိတ်ဆက်ပြီး ပလိုင်းမောက်အသင်းကို ဝယ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပလိုင်းမောက်အသင်းဟာ မနှစ်ရာသီက ချန်ပီယံရှစ်ကနေ တန်းဆင်းခဲ့ရတဲ့အသင်းဖြစ်ပြီး နည်းပြသစ်အဖြစ် မန်ယူနဲ့ ဝတ်ဖို့ဒ်စားသမားဟောင်း ကလီဗာလေက နည်းပြချုပ်အဖြစ် တာဝန်ယူနေပါတယ်။

ရီးရဲလ်အသင်းဖော်ဟောင်း မိုဒရစ်ဟာလည်း ဆွမ်ဆီးစီးတီးအသင်းရဲ့ ပိုင်ရှင်တယောက် ဖြစ်လာပြီးနောက် ဘေးလ်ဟာလည်း ဘောလုံးအသင်းပိုင်ရှင် ဖြစ်လာဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်
ပလိုင်းမောက်
လိဂ်ဝမ်းကလပ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013