Home
အားကစား
ကွင်းလယ်ကစားသမားဟောင်း ဂတ်တူဆိုကို နည်းပြသစ်အဖြစ် အီတလီအသင်း ခန့်အပ်
DVB
·
June 17, 2025

အီတလီအသင်းဟာ ကွင်းလယ်ကစားသမားဟောင်း ဂတ်တူဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အီတလီနဲ့ အေစီမီလန်ဂန္ထဝင်ကစားသမား ဂတ်တူဆိုဟာ ထွက်ခွာသွားတဲ့ နည်းပြ စပယ်လက်တီရဲ့ နေရာမှာ အစားထိုး တာဝန်ယူမှာပါ။

အသက် ၄၇ နှစ်ရှိ ပြီဖြစ်တဲ့ ဂတ်တူဆိုဟာ အီတလီအတွက် ၇၃ ပွဲကစားခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားအသင်းမှာ ပါဝင်ခဲ့သူပါ။

ဂတ်တူဆိုဟာ အီတလီဘောလုံးလောကရဲ့ အမှတ်သင်္ကေတ တခုဖြစ်ပြီး သူ့ရဲ့ ပေးဆပ်မှု၊ စိတ်ဓာတ်လှုံ့ဆော်နိုင်မှု၊ အတွေ့အကြုံတွေနဲ့ ပရော်ဖက်ရှင်နယ် ပီသမှုတွေက အသင်းကို ကူညီပေးနိုင်လိမ့်မယ်လို အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက ပြောပါတယ်။

၂၀၁၃ ခုနှစ်က စတင်ပြီး နည်းပြဘဝကို  ပါလာမိုအသင်းနဲ့ စတင်ခဲ့တဲ့ ဂတ်တူဆိုဟာ အေစီမီလန်၊ နာပိုလီ၊ ဖီအိုရင်တီးနား၊ ဗလင်စီယာ၊ မာဆေး အစရှိတဲ့အသင်းတွေကို တာဝန်ယူခဲ့ပြီး အီတလီအသင်းက နည်းပြဘ၀ ၁၂ နှစ်အတွင်း ၁၀ သင်းမြောက် တာဝန်ယူမယ့်အသင်း ဖြစ်လာပါတယ်။

နည်းပြ
ဂတ်တူဆို
အီတလီအသင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013