Home
မြန်မာသတင်း
ထိုင်း-မြန်မာ နယ်စပ်တွင် စိတ်ကြွ မူးယစ်ဆေးများ ဖမ်းမိ 
DVB
·
June 16, 2025

မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ၊ မဲ့တံ့တိုက်နယ်ကနေ ဘန်​ကောက်မြို့ကို သယ်ဆောင်သွားမယ့် WY​ စိတ်ကြွမူးယစ်ဆေးပြား ၅၀,၀၀၀ ကို ဇွန် ၁၅ ရက် မွန်းလွဲ  ၂ နာရီခွဲလောက်က မယ်လမတ်ရပ်ကွက် ၅  စစ်ဆေးရေးနေရာမှာ  ထိုင်းစစ်တပ်က ဖမ်းဆီးမိပါတယ်။

ထိုင်းစစ်​ဆေး​ရေးဂိတ်မှာ မူးယစ်ဆေးတွေ တင်လာတဲ့ ကားတစီးကို  ထိုင်းယာဥ်​မောင်း နိုင်းနလား၊ မြန်မာနိုင်ငံသား ထွန်းထွန်းဝင်း (၄၂နှစ်)၊ နိုင်လင်းဦး (၂၇နှစ်)၊ ဆွေဝင်း (၁၈နှစ်)နဲ့ နန်း​ဖော (၁၄နှစ်) တို့ကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်တာပါ။

အဆိုပါ​ မူးယစ်ဆေးတွေကို အမည်မသိသူတယောက်က ထိုင်းယာဉ်မောင်းကို ဖုန်းဆက်ပြီး သယ်ခိုင်းခဲ့တာလို့ ထိုင်းကားသမားက ထွက်ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသား ၄ ယောက်ကိုလည်း ခေါ်ဆောင်လာခိုင်းတဲ့အတွက် ယာဥ်​မောင်းက အပို​ငွေအဖြစ် တယောက်ကို ဘတ် ၅၀၀ ရရှိမှာဖြစ်တဲ့အတွက် တာ​ဆောင်ယမ်းမြို့၊ မယ့်တံ့တိုက်နယ် ​ဆေးရုံအ​ရှေ့မှာ သွားကြိုလာခဲ့လို့ဆိုပါတယ်။

စိတ်ကြွဆေးပြား ၅၀,၀၀၀ ကို အိတ်တလုံးထဲမှာထည့်ထားပြီး ဘန်​ကောက်မြို့ တံတားအောက် နေရာတခုကို ပို့​ဆောင်ရမှာဖြစ်ကာ ဒီအတွက် အခကြေးငွေ ဘတ် ၁၀၀၀ ရရှိ​တယ်လို့ ကားသမားက ထွက်ဆို ပါတယ်။

မြန်မာနိုင်ငံ​မြောက်ပိုင်းအပါအဝင် မြန်မာပြည် ဒေသအနှံ့ WY​ စိတ်ကြွမူးယစ်ဆေးပြားတွေ ပျံ့နှံ့နေပြီး ထိုင်းဘက်ကို မှောင်ခိုသွင်းကာ ထိုင်းကို ​ကျော်ဖြတ်ပြီး တတိယနိုင်ငံကိုလည်း ပို့​ဆောင်ကြတာ ရှိပါတယ်။

ဖမ်းဆီးရမိ​တဲ့ မူးယစ်ဆေးပြားတွေနဲ့ တရားခံလို့ ယူဆသူ​တွေကို တရားဥပ​ဒေအတိုင်း အ​ရေးယူနိုင်ဖို့  တာခ်ခရိုင်၊ မယ်လမမြို့မရဲစခန်းကို လွှဲပြောင်း​ပေးအပ်သွားပါတယ်။ 

အလားတူ ဇွန် ၁၄ ရက်မနက် ၁၀ နာရီကျော်ကလည်း မြဝတီကနေ မဲဆောက်ကို သယ်လာတဲ့ စိတ်ကြွဆေးအပြား တသိန်းကို ချစ်ကြည်ရေးတံတား အမှတ် ၁ စစ်ဆေးရေးဂိတ်မှာ ထိုင်းရဲတွေက ဖမ်းမိခဲ့ပါသေးတယ်။

မူးယစ်ဆေးဝါး
ထိုင်း-မြန်မာ နယ်စပ်
စိတ်ကြွဆေးဝါး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013