ဖီဖာကလပ် ကမ္ဘာ့ဖလား ဖွင့်ပွဲကျင်းပ
DVB
·
June 16, 2025

ဖီဖာကလပ် ကမ္ဘာဖလား ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက်ညနေက အမေရိကန်နိုင်ငံ၊ မိုင်ယာမီ ဂါဒန်းစ်မှာ ကျင်းပခဲ့ပါတယ်။
ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင် အသင်း ၃၂ သင်းရဲ့ ကလပ်အသင်း တံဆိပ်တွေကို ဖီဖာဆိုင်းဘုတ်အတွင်းမှာ တပ်ဆင်ထားပြီးနောက် အမေရိကန် လေတပ်အရန်တပ်ဖွဲ့က လေယာဉ်တွေက ဖြတ်ကျော် ပျံသန်းသွားခဲ့ပါတယ်။
အဖွင့်ပွဲစဉ်အဖြစ် အီဂျစ်ကလပ်အသင်း Al Ahly နဲ့ မက်ဆီ ဦးဆောင်တဲ့ အင်တာမီယာမီ အသင်းတို့ Hard Rock ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။