Home
အားကစား
ဒေးဗစ်ဘက်ခမ်းကို ချားလ်စ်ဘုရင်က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်
DVB
·
June 16, 2025

အင်္ဂလန်ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဇွန် ၁၄ ရက်က ချားလ်စ်ဘုရင်ရဲ့ နှစ်ပတ်လည် မွေးနေ့ဂုဏ်ပြုစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အသက် ၅၀ အရွယ် ဘက်ခမ်းဟာ ၁၉၉၃ ခုနှစ်မှာ သင်တန်းသားအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီး ကလပ်အတွက် ပွဲပေါင်း ၄၀၀ နီးပါး ကစားခဲ့သလို ဆုဖလားတွေလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီနောက် ရီးရဲလ်မက်ဒရစ်၊ အယ်လ်အေဂလက်ဆီနဲ့ အေစီမီလန်အသင်းတွေဆီကို ပြောင်းရွှေ့ ကစားပေးခဲ့ပြီး နိုင်ငံအသင်းအတွက်တော့ အသင်းခေါင်းဆောင်အဖြစ် ၅၈ ကြိမ် အပါအဝင် ပွဲပေါင်း ၁၁၅ ပွဲကစားခဲ့ပါတယ်။

ဘက်ခမ်းဟာ ဖက်ရှင်ဒီဇိုင်နာနဲ့ Spice Girl ဂီတအဖွဲ့ထဲက ဗစ်တိုးရီးယားနဲ့ လက်ထပ်ခဲ့ပြီးနောက်မှာတော့ ဘောလုံးသမားတယောက်ထက် ကျော်လွန်ပြီး Celebrity အဖြစ် ပိုမို နာမည်ကျော်ကြားခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်း
ချားလ်စ်ဘုရင်
ဂုဏ်ထူးဆောင်ဆု

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013