Home
အားကစား
အချိန်တန်ပါက အနာဂတ်ကိစ္စ ရှင်းလင်းမည်ဟု တိုက်စစ်မှူး ယိုကရက်စ် ပြော
DVB
·
June 14, 2025

စပိုတင်းလစ္စဘွန်းနဲ့ အနာဂတ်ကိစ္စ သတင်းတွေအပေါ် အချိန်တန်ရင် ရှင်းလင်းမယ်လို့ တိုက်စစ်မှူး ယိုကရက်စ်က ပြောသွားပါတယ်။

အသက် ၂၇ နှစ်ရှိ ဆွီဒီတိုက်စစ်မှူးဟာ စပို့တင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး ပြောင်းရွှေ့ကြေးကိစ္စနဲ့ ပတ်သက်လို့ အသင်းနဲ့ မကျေမလည်ဖြစ်နေကြောင်း သတင်းထွက်ပေါ်နေတာပါ။

စပို့တင်းဟာ ယိုကရက်စ်အတွက် ယူရိုသန်း ၆၀ လောက်နဲ့ ထွက်ခွာခွင့်ပြုမယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ အဲဒီလို ကတိမပေးခဲ့ဘူးကြောင်းနဲ့ ကစားသမားရဲ့အေးဂျင့်က အခြေအနေ ပိုဆိုးအောင် လုပ်ဆောင်နေကြောင်း အသင်းဥက္ကဋ္ဌ ဗာရန်ဒက်စ်က ပြောပါတယ်။

အသင်းကနေ ထွက်ခွာခွင့်ရဖို့အတွက် အသင်းဥက္ကဋ္ဌကို ယိုကရက်စ်က ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း သတင်းထွက်ပေါ်နေတာပါ။

လက်ရှိအချိန်မှာ သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေပြီး အများစုက မဟုတ်မမှန်တာတွေ ဖြစ်ကြောင်းနဲ့ မှန်ကန်တဲ့အချိန်ရောက်ရင် ရှင်းလင်းသွားမှာဖြစ်ကြောင်း ယိုကရက်စ်က သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ ရေးတင်သွားခဲ့တာ ဖြစ်ပါတယ်။

Photo:Reuters

ယိုကရက်စ်
အနာဂတ်ကိစ္စ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013