Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် မြွေဝံပုလွေ မျိုးစိတ်သစ် ထပ်မံတွေ့ရှိ
DVB
·
June 13, 2025

မြန်မာနိုင်ငံမှာ မြွေဝံပုလွေ မျိုးစိတ်သစ်တခု ထပ်မံတွေ့ရှိခဲ့တယ်လို့ Snake Of Myanmar အဖွဲ့က ဇွန် ၁၀ ရက်က ထုတ်ပြန်ပါတယ်။

မြွေဝံပုလွေ မျိုးစိတ်သစ်ကို ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်း စတဲ့ ထိုင်းနိုင်ငံနဲ့ နီးစပ်တဲ့ ဒေသတွေမှာ အများဆုံးတွေ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မျိုးစုပေါင်း ၆၆ ခုအောက်မှာ မြွေမျိုးစိတ်ပေါင်း ၆၆ ခုရှိပြီး တကမ္ဘာလုံးမှာ‌ မြွေဝံပုလွေမျိုးစိတ်ပေါင်း ၈၁ မျိုးရှိတဲ့အနက် မြန်မာနိုင်ငံမှာ ၁၁ မျိုးမှတ်တမ်းတင်ထားနိုင်ပြီလို့ သိရပါတယ်။

Snake OF Myanmar အဖွဲ့က မစိုးသန္တာအောင်က “ညီမတို့နိုင်ငံမှာအရင်က မှတ်တမ်းမရှိပေမဲ့ ခု ၄ နှစ်အတွင်းမှာ Snakes Of Myanmar ကနေ ဆက်တိုက်လေ့လာစောင့်ကြည့်မှုအရ မြန်မာနိုင်ငံအတွက် ဒီမြွေမျိုးစိတ် Record ၂၁ ကြိမ်တိတိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်” လို့ DVB ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ မှတ်တမ်းမတင်ရသေးတဲ့ ကုန်းနေရေနေ သတ္တဝါ၊ တွားသွားသတ္တဝါများစွာရှိပြီး မှတ်တမ်းတင်နိုင်ဖို့လိုအပ်နေသေးတယ်လို့ Snake OF Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံ
မြွေဝံပုလွေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013