Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် ငလျင် ၂ ကြိမ်လှုပ်
DVB
·
June 10, 2025

မန္တလေးတိုင်းထဲမှာ ဇွန် ၁၀ ရက် ဒီမနက်ပိုင်းက ငလျင် ၂ ကြိမ်လှုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)နဲ့ စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

ဒီမနက် အစောပိုင်း ၃ နာရီ ၃၁ မိနစ်က ကျောက်ဆည်မြို့ရဲ့တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊  မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့် အင်အားအတော်အသင့်ရှိတဲ့ ငလျင်တခုလှုပ်ခဲ့တယ်လို့ MOHADM က ထုတ်ပြန်ပြီး မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်လို့ ငလျင်အင်အားပမာဏ နည်းနည်းကွာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကတော့ နွားထိုးကြီးမြို့ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်လောက်အကွာ၊ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၁ ရှိတဲ့ ငလျင်လှုပ်တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးတော့ ဒီမနက် ၆ နာရီ ၁၂ မှာလည်း မတ္တရာမြို့ရဲ့ အနောက်တောင်ဘက် ၈ မိုင်လောက်အကွာ အနက် ၁၂ ကီလိုမီတာကနေ အင်အား ၃ ဒသမ ၂ ရှိတဲ့ ငလျင်တခု လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီငလျင်တွေဟာ မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲတွေဖြစ်ပြီး မနေ့ကလည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နား ရခိုင်ရိုးမပေါ်မှာ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၉ ရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါသေးတယ်။

မန္တလေးတိုင်း
ငလျင်လှုပ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013