Home
မြန်မာသတင်း
မြိတ်တွင် လူငယ် ၁ ဦး ဆွဲကြိုးချ သေဆုံး
DVB
·
June 10, 2025

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတယောက် ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြိုခံတွေနဲ့ နာရေးကူညီမှုအသင်းဆီမှ သိရပါတယ်။

ဇွန် ၉ ရက်နေ့၊ မနက် ၅ နာရီခွဲဝန်းကျင်က မြိတ်မြို့၊ ကလွင်ရပ်၊ ရွှေပါရီဘုန်းကြီးကျောင်းအနီး တံတားမှာ အမျိုးသားတယောက် ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရတယ်လို့ မြို့ခံတွေနဲ့ နာရေးကူညီမှုအသင်းဆီမှ​ သိရပါတယ်။

ပရဟိတသမားတယောက် ပြောတာက “ကျနော်တို့ deadbody ကို ကြည့်ပြီး ခန့်မှန်းရသလောက် သေဆုံးချိန်က ၄ နာရီလောက်ပဲ ရှိအုံးမယ်။ ကြိုးဒဏ်ရာကလွဲပြီး တခြား ထိခိုက်မှုတစုံတရာ မတွေ့ရဘူး”လို့ ပြောပါတယ်။

သေဆုံးသူဟာ အနေအထိုင်အေးသူဖြစ်ကာ သူငယ်ချင်းအပေါင်အသင်းပေါ် အရမ်းခင်တွယ်တတ်ပြီး သူ အခုလို သေဆုံးတာနဲ့ပတ်သက်ပြီး အသေးစိတ်မသိရဘူးလို့ သူငယ်ချင်းဖြစ်သူတွေက ပြောပါတယ်။

သူငယ်ချင်းဖြစ်သူ တယောက်က “သူ စိတ်ဓာတ်ကျတော ၁ လကျော်လောက်ရှိပြီ။ တော်ရုံနဲ့ ဖွင့်မပြောတတ်ဘူး။ စိတ်ဓာတ်ကျနေတာပဲ ပြောတာ။ ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ စိတ်ထားတော့ တော်တော်ကောင်းတဲ့ ကိုကြီးဗျ”လို့ ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ် သေဆုံးသူ မောင်ပြည့်စုံစိုးဟာ မြိတ်မြို့၊ ကလွင်ရပ်ကွက်မှာ နေထိုင်ကာ မြိတ်နည်းပညာတက္ကသိုလ်ရဲ့ ကျောင်းသားဟောင်း တယောက်လည်း ဖြစ်တယ်လို့ သူငယ်ချင်းတွေဆီက သိရပါတယ်။

သေဆုံးသူကို ၅/၁၀၀ စစ်ဆေးရုံမှာ စစ်ချက်ယူခဲ့ပြီး ဇွန် ၁၁ ရက်နေ့မှာ ကလွင်သင်္ချိုင်းကို ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီမက သိရပါတယ်။

မြိတ်
ဆွဲကြိုးချ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013