Home
သတင်းဓာတ်ပုံ
သေ့ဘောဘိုးစခန်းသိမ်းခဲ့သည့် KNLA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များကို ဂုဏ်ပြုကြိုဆို
DVB
·
June 5, 2025

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တပ်မဟာ ၆ နယ်မြေရှိ သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဇွန် ၅ ရက်က သေ့ဘောဘိုး မြစ်ကမ်းတလျှောက်မှာ  ဒေသခံတွေက ပန်းကုံးတွေစွပ်ပြီး ဂုဏ်ပြုကြိုခဲ့ကြပါတယ်။

ဂုဏ်ပြုကြိုဆိုခဲ့တဲ့ အမျိုးသမီးတယောက်က “ကမ်းနားမှာပဲ ဂုဏ်ပြုကြိုဆိုခဲ့ကြတာပါ။ အရမ်းကို ခမ်းခမ်းနားနား ဂုဏ်ပြုပွဲလုပ်ချင်ပေမဲ့ လုံခြုံရေးအရ ခုလိုပဲ စီစဥ်လုပ်ဆောင်ခဲ့ကြရတာ”လို့ ပြောပါတယ်။

သေ့ဘောဘိုးစခန်းကို ဇွန် ၃ ရက် ညမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး ၅၀ ကျော် လက်နက်ချ အလံဖြူထောင်ခဲ့ကာ လက်နက်ကြီး လက်နက်ငယ် အများအပြားလည်း ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း KNU ထိန်းချုပ်နယ်မြေ  တပ်မဟာ ၅ ဘက်မှာ စစ်ကောင်စီတပ်စခန်း မရှိတော့ဘဲ ကျန်ရှိနေတဲ့ တပ်မဟာ ၇ က ၉၆၂ စခန်း၊ အံ့ကျော်စခန်း၊ ကြယ်ပျံကုန်းစခန်းနဲ့ တပ်မဟာ ၆ မြဝတီမြို့တောင်ဘက်က  ဥကရစ်ထစခန်း၊ ထီးသဲလယ်စခန်းနဲ့ ထီးကပယ်စခန်းတို့ကို KNLA ပူးပေါင်းအဖွဲ့  ဆက်လက်သိမ်းပိုက်သွားမယ်လို့ သိရပါတယ်။

knla
စခန်းသိမ်းတိုက်ပွဲ
သေ့ဘောဘိုးစခန်း
ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့
ဂုဏ်ပြုကြိုဆို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013