Home
မြန်မာသတင်း
ပြီးခဲ့သည့်တပတ်အတွင်း ကိုဗစ်လူနာသစ် ၆ ဦးတွေ့
DVB
·
May 28, 2025

ပြီးခဲ့တဲ့တပတ်အတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာသစ် ၆ ယောက်တွေ့ရတယ်လို့ စစ်ကောင်စီဩဇာခံ ကျန်းမာရေးဌာနက မေ ၂၆ ရက်ညမှာ ထုတ်ပြန်ပါတယ်။

မေ ၁၈ ရက်ည ၈ နာရီကနေ မေ ၂၅ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၇၅၄ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ အတည်ပြုလူနာ ၆ ယောက် တွေ့တာကြောင့် ရောဂါပိုးတွေ့တဲ့ ရာခိုင်နှုန်းက ၀ ဒသမ ၂၂ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့နယ်က ၂ ယောက်၊ အင်းစိန်၊ သာကေတ၊ ကော့မှူးနဲ့ အရှေ့ဒဂုံမြို့နယ်တို့က ၁ ယောက်စီဖြစ်တယ်လို့ ဒီမနက်မှာ ရေဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ပြန်လာပါတယ်။

ဒီလူနာတွေထဲမှာ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရတဲ့လူနာမရှိသလို ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာ မရှိဘူးလို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်ကနေ မေ ၄ ရက်အထိ လူပေါင်း ၂,၆၂၄ ယောက်ကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၁ ယောက်၊ မေ ၁၁ ရက်ကနေ ၁၈ ရက်အထိ လူပေါင်း ၂,၄၆၁ ယောက် စစ်ဆေးရာမှာလည်း ပိုးတွေ့သူ ၁ ယောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စဖြစ်ချိန်ကနေ ဒီနေ့အထိ  ပိုးတွေ့သူစုစုပေါင်း ၆၄၃,၂၃၉ ယောက်၊  သေဆုံးသူစုစုပေါင်း ၁၉,၄၉၄ ယောက် ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ထိုင်းနိုင်ငံမှာတော့ ၂၀၂၅ ခုနှစ်ဆန်းကနေ မေ ၂၀ ရက်ထိ  ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ သိန်းကျော်ရှိပြီး သေဆုံးသူ ၂၇ ယောက် ရှိတယ်လို့ ထိုင်း ကျန်းမာရေးဌာနဆီက သိရပါတယ်။

ကူးစက်ခံရသူ အများစုဟာ အသက် ၆၀ နဲ့အထက်လူကြီးတွေဖြစ်ပြီး လက်ရှိ ကူးစက်နေတဲ့ ကိုဗစ်-၁၉ ဟာ XEC မျိုးစိတ်ဖြစ်ပြီး မပြင်းထန်ဘူးလို့ ဆိုပါတယ်။

ရန်ကုန်
ကိုဗစ်-၁၉
ကိုဗစ်
Covid

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013