Home
သတင်းဓာတ်ပုံ
စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ရန်ကုန်တွင် သရုပ်ပြဆန္ဒထုတ်ဖော် (ဓာတ်ပုံ)
DVB
·
May 16, 2025

မေ ၁၂ ရက်က  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊  အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီလေပ်က  လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာမတွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ သရုပ်ပြဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှု တရပ်ကို ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) က ဒီကနေ့   ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုက စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ  စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ဖို့နဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးသူငယ်တွေနဲ့ အနာဂတ်ခရီးကို ဆုံးအောင်မလျှောက်နိုင်ခဲ့တဲ့ ကလေးသူငယ်တွေ အားလုံး ကို ရည်ရွယ်တယ်လို့ YRF က ဆိုထားပါတယ်။

Yangon Revolution Force ရဲ့ တာဝန်ရှိသူတယောက်က " တော်လှန်ရေးအတွင်း အကြမ်းဖက် စစ်ကောင်စီက ကျောင်းတွေကို ပစ်မှတ်ထားပြီး ကလေးငယ်တွေ အသက်ဆုံးရှုံးရမှုကို အထင်ကရ ဓာတ်ပုံတွေနဲ့တကွ အသိပေးလှုံ့ဆော်တာပဲဖြစ်တယ်။ ဒါဟာ ဖက်ဆစ်စစ်တပ်ရဲ့ စက်ဆုပ်ရွံရှာဖွယ်တွေကို ထင်ဟပ်စေပြီး ပြည်သူတွေအနေနဲ့ နိုးကြားတုံ့ပြန်ဖို့ လိုအပ်ကြောင်း အသိပေးလိုတာပါ"လို့ DVB ကို ပြောပါတယ်။

ငလျင်ကြောင့် အပစ်အခတ်ရပ်စဲထားကြောင်းကြေညာချိန်မှာ စစ်ကောင်စီတပ်က  လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ အကြိမ်အရေပေါင်း ၅၀၀ ကျော်ပြုလုပ်ခဲ့ပါတယ်။

ဒီတိုက်မှုတွေကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်ပေါင်း ၄၄၅ ယောက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရှိသူပေါင်း ၉၆၈ ယောက်ရှိခဲ့တယ်လို့  DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဝေဝေ

ရန်ကုန်
လေကြောင်းတိုက်ခိုက်မှု
ဒီပဲယင်း
အိုးတိန်တွင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013