
စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ ၃၃ သန်းနဲ့ ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေးမယ်လို့ ကြေညာပါတယ်။
အဆိုပါ ငွေကြေးပမာဏကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကတဆင့် ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ထုတ်ရောင်းချမယ့် နေ့ရက် အတိအကျကိုတော့ ဗဟိုဘဏ် ထုတ်ပြန်ချက်မှာ အသိပေး ဖော်ပြထားခြင်း မရှိပါဘူး။
စစ်ကောင်စီဟာ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကနေ အခြေခံကုန်ဈေးနှုန်း ကြီးမြင့်လာမှာကို သက်သာစေဖို့အတွက် စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းတွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေ မကြာခဏ ထုတ်ရောင်းချပေးလေ့ ရှိပါတယ်။
မကြာသေးခင် ဧပြီ ၃၀ ရက်ကလည်း စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေ အတွက် အမေရိကန်ဒေါ်လာ ၃၈ သန်း ရောင်းချပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။