တံတားဦးလေဆိပ်ကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ နေ့လယ် ၁၂ နာရီ ၇ မိနစ်မှာ ဗုံး ၂ ကြိမ်ကြဲတာဖြစ်ပြီး ပြည်သူ အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။










စစ်ကောင်စီဟာ အပစ်ရပ်ကာလကို ဒီလကုန်အထိ သက်တမ်းတိုးတယ်လို့ မေ ၆ ရက်နေ့မှာထုတ်ပြန်ပြီး အဲဒီနေ့မှာပဲ ကောလင်းမြို့နယ်ကို ဗုံးကြဲခဲ့သေးပြီး မေ ၅ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာကို ဗုံးကြဲခဲ့ပါသေးတယ်။
ဧပြီ ၁၉ ရက်မှာ သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို လေကြောင်းကနေဗုံးကြဲလို့ လူဒါဇင်နဲ့ချီအစုလိုက်သေဆုံးခဲ့ပြီး နောက်တရက်မှာလည်း လေကြောင်းကနေ ထပ်ပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။
Photo : ပြင်ဦးလွင် ပကဖ