
ဂျာမနီနိုင်ငံက ဆိုရှယ်ဒီမိုကရက်တစ်ပါတီဝင် ဂျာမန်အဓိပတိ အောလော့ဖ်ရွှိုက်ဇ်ဟာ သူ့ရာထူးကို ဆက်ခံတဲ့ ကွန်ဆာဗေးတစ်ခေါင်းဆောင် ဖရီးဒရစ်မားဇ်ကို မေ ၆ ရက်မှာ ဂျာမန်အဓိပတိရုံးက အခမ်းအနားအတွင်း ရာထူးလွှဲပြောင်းပေးအပ်လိုက်ပါတယ်။
ဂျာမန်နိုင်ငံရေးမှာ အဓိပတိအဖြစ် ရွေးကောက်ခံရဖို့ မကြုံစဖူး ကြိုးပမ်းမှု ၂ ခုကို ရည်ညွှန်းရင်း မားဇ်က ဒုတိယအကျော့မှာ ဂျာမန်လွှတ်တော်ရဲ့ ယုံကြည်မှုကို လက်ခံရရှိတဲ့အတွက် ကျေးဇူးတင်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
“ဒီရုံးမှာ ပါ၀င်တဲ့ တာဝန်ကို ကျနော် အရမ်း သဘောပေါက်ပါတယ်။ ဒီတာဝန်ကို နှိမ့်ချစွာ လက်ခံပါတယ်၊ ဒါပေမဲ့လည်း စိတ်ပိုင်းဖြတ်မှုနဲ့ ယုံကြည်မှု အပြည့်ရှိပါတယ်”လို့ မားဇ်က ပြောပါတယ်။
လက်ရှိ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ မားဇ်ကို လိုအပ်တယ်လို့ ရွှိုက်ဇ်က ပြောပါတယ်။ မားဇ်ဟာ သူ့ရဲ့ ဗဟိုလက်ဝဲယိမ်းဆိုရှယ်ဒီမိုကရက်တွေနဲ့ မဟာမိတ်အသစ်အတွက် ပထမအကြိမ် ကြိုးပမ်းမှုမှာ အံ့အားသင့်စရာ ရှုံးနိမ့်ပြီးတဲ့နောက် ဒုတိယအကျော့မှာ လွှတ်တော်က အဓိပတိ အဖြစ် သူ့ကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
ပထမအကြိမ်မှာ မားဇ်က လွှတ်တော်ရဲ့ ထောက်ခံမှု မရတာဟာ စစ်ပြီးခေတ် ဂျာမနီအတွက် ပထမဆုံးဖြစ်ပါတယ်။
Source: Reuters