
အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော် ဗွေနောစ်အေးရီးစ်မှာ သယ်ယူပို့ဆောင်ရေးလုပ်သားတွေက လစာချိန်ညှိပေးဖို့ မေ ၆ ရက်နေ့မှာ သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။
ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂,၀၈၀ လောက်ရဖို့ တောင်းဆိုတာလို့ ဘတ်စ်ကားယာဉ်မောင်းကိုယ်စားလှယ် နက်စ်တာ မာကိုလင်က ပြောပါတယ်။
၄ လကြာနေတဲ့ လစာတိုးပေးရေး ညှိနှိုင်းမှု ရပ်တန့်သွားပြီးတဲ့နောက် ဆန္ဒပြခဲ့တာလို့ ပို့ဆောင်ရေး အလုပ်သမားများသမဂ္ဂ (UTA) က ပြောပါတယ်။
သမ္မတ ဟာဗီယာ မီလေ အစိုးရက ဒီသပိတ်ဟာ ခရီးသည်တွေကို ဓားစာခံတွေအဖြစ် ငွေညှစ်တဲ့ အရည်အချင်းနဲ့ ပြည့်မီနေတယ်လို့ ပြောပါတယ်။
သမဂ္ဂခေါင်းဆောင်တွေကတော့ အလုပ်သမားတွေအကြား ပျံ့နှံ့နေတဲ့ စိတ်ပျက်အားငယ်မှုကို ထောက်ပြခဲ့ပါတယ်။
ဒီသပိတ်ဟာ အာဂျင်တီးနား နိုင်ငံထဲမှာ လက်ရှိဖြစ်နေတဲ့ စီးပွားရေးရုန်းကန်မှုတွေကို မီးမောင်းထိုးပြနေတာပါ။
ငွေကြေးဖောင်းပွမှုနှုန်း မြင့်နေတာကို တည်ငြိမ်အောင် လုပ်တဲ့နေရာမှာ အစိုးရက အောင်မြင်မှုရနေပေမဲ့ အလုပ်သမားတွေရဲ့ ဝယ်ယူနိုင်စွမ်းက နိမ့်ကျနေဆဲ ဖြစ်ပါတယ်။
Source: Reuters