
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အမြောက်နဲ့ စက်ယန္တရားတွေ ထုတ်လုပ်တဲ့ ခဲယမ်းစက်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား KRT က မေ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကင်မ်ဂျုံအွန်းဟာ “ပျမ်းမျှ တနှစ်တာအဆင့်ထက် ၄ ဆ” တိုးမြှင့်ထုတ်လုပ်နိုင်မှုအတွက် အမြောက်စက်ရုံကို ချီးကျူးခဲ့ပြီး မြောက်ကိုရီးယား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခြေခံတိုက်ခိုက်ရေး စွမ်းအားကို တိုးမြှင့်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတယ်လို့ ပြောသွားကြောင်း KRT က ထုတ်ပြန်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရာမှာ မြောက်ကိုရီးယားဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ဒုံးကျည်တွေနဲ့ အမြောက်တွေ ထောက်ပံ့ပေးခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅,၀၀၀ လောက် တပ်ဖြန့်ချခဲ့ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်တွေက ဆိုးလ်ရဲ့ သူလျှိုအေဂျင်စီကို ကိုးကားပြီး ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ရုရှားဟာ အနောက်ဘက် ကာ့စ်ခ်ဒေသ စစ်မြေပြင်မှာ အသာစီးရခဲ့ပြီး အထီးကျန်နိုင်ငံ ၂ ခုတို့ဟာ စီးပွားရေးအရရော နိုင်ငံရေးအရ ပိုမိုနီးကပ်လာခဲ့ကြပါတယ်။
Source: Reuters