
ချန်ပီယံဖြစ်ဖို အချိန်ကောင်း၊ အခါကောင်းတခု လိုအပ်ကြောင်း အာဆင်နယ်နည်းပြအာတေတာ ကပြောသွားပါတယ်။
အခုနှစ်ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းက အာဆင်နယ်ထက် ၁၅ မှတ်အသာနဲ့ ချန်ပီယံဆုရယူသွားတဲ့အပေါ် နည်းပြအာတေတာက မှတ်ချက်ပေးရာမှာ အချိန်ကောင်း၊ အခါကောင်းလိုအပ်ကြောင်းထည့်သွင်းပြောသွားခဲ့တာပါ။
လီဗာပူးအသင်းချန်ပီယံဖြစ်သွားတဲ့ ရမှတ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီက အာဆင်နယ်အသင်းထက် ရမှတ်နည်းပါးကြောင်း၊ လက်ရှိရာသီအတိုင်းသာဆိုရင် မိမိတို့ အသင်းက ပရီးမီးယားလိဂ်ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့မှာဖြစ်လို့ ချန်ပီယံဖြစ်ဖို့က အချိန်ကောင်း အခါကောင်းလိုအပ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
မေလ ၈ ရက် မက်ပိုင်းမှာ ကစားမယ့် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မှာလည်း အချိန်ကောင်း၊ အခါကောင်းဖြစ်လာဖို့ မျှော်လင့်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
Photo: Reuters