
အင်တာမီလန်က ဘာစီလိုနာကို ကျော်ဖြတ်အနိုင်ယူခဲ့တဲ့ အခုနှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ကို သမိုင်းတယောက် အကြိတ်အနယ်အရှိဆုံး ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် သတ်မှတ်ချီးကျူးနေကြ ပါတယ်။
ပထမအကျော့ကတည်းက ၃ ဂိုး စီ သရေကျခဲ့တဲ့ ဒီနှစ်သင်းဟာ ဒုတိယအကျော့ ဆန်စီရိုကွင်း မှာလည်း သူတပြန်၊ ကိုယ်တပြန်ဦးဆောင်ဂိုးသွင်းခဲ့ကြပေမဲ့ ပွဲအပြီးမှာ ၃ ဂိုး စီ သရေရလဒ်ထပ်မံ ထွက်ပေါ်ခဲ့တာပါ။
အချိန်ပိုမိနစ် ၃၀ ဆက်လက်ကစားခဲ့ရမှာ အင်တာမီလန်ကွင်းလယ်လူ ဖရက်တီဆီက အနိုင်ဂိုးသွင်းခဲ့လို့ ၄ ဂိုး ၃ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင့်ရလဒ် ၇ ဂိုး ၆ ဂိုးအထိ ဂိုးအရေအတွက် များခဲ့တာပါ။
အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ အခမ်းနားဆုံးပွဲကောင်း တပွဲဖြစ် အောင်ကစားသွားတဲ့ နှစ်သင်းစလုံးကို ကျေးဇူးတင်ကြောင်းပြောခဲ့သလို တခြား ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေကလည်း အကောင်းဆုံးဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် သတ်မှတ် ချီးကျူးကြပါတယ်။
Photo: Reuters.