
မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး အချိန် ၁ လကျော်ကြာရှိလာပြီဖြစ်ပေမဲ့ ငလျင်ဘေးသင့်ပြည်သူ ၅ ယောက်မှာ ၂ ယောက်က စိတ်ဒဏ်ရာ ခံစားနေဆဲဖြစ်တယ်လို့ U-Report Myanmar ရဲ့ စစ်တမ်းအရ သိရပါတယ်။
ငလျင်နောက်ပိုင်း အခြေအနေတွေအပေါ် လူငယ်တွေကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့တဲ့ စစ်တမ်းမှာ ခုလိုဖော်ပြထားတာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ သူတွေအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတခုဖြစ်နေဆဲလို့ ဆိုပါတယ်။
ငလျင်ဒဏ်ကြောင့် မိသားစုထိခိုက်မှု အခြေအနေကို မေးမြန်းရာမှာတော့ ဆိုးဆိုးဝါးဝါး ထိခိုက်မှုရှိတယ်လို့ ဖြေဆိုသူ ၁၂ ရာခိုင်နှုန်း ရှိပြီး အဓိက ထိခိုက်ဆုံးရှုံးမှုအနေနဲ့ စိတ် ဒဏ်ရာရတာ/ကြောက်လန့်တာခံစားရတယ်လို့ ဖြေဆိုသူ ၃၅ ရာခိုင်နှုန်းနဲ့ အများဆုံး ပါဝင်နေကာ နေအိမ်တွေ ပျက်စီးသွားခဲ့ရတာ ၃၂ ရာခိုင်နှုန်း၊ မိသားစုဝင်၊ ဒါမှမဟုတ် မိတ်ဆွေ သူ ငယ်ချင်းတွေ အသက်ဆုံးရှုံးသွားခဲ့ရတာ ၁၅ ရာခိုင်နှုန်းထိ ပါဝင်နေတာပါ။
ဒါ့အပြင် စစ်တမ်းဖြေဆိုသူ ၈၀၀ ကျော်ထဲက ငလျင်ဒဏ်အပြီး အခု လောလောဆယ် အဓိက လိုအပ်နေတာက စိတ်ကျန်းမာရေးအကူအညီနဲ့ နေစရာထိုင်စရာ အကူအညီလို အပ်တယ်လို့ ဖြေဆိုသူ ၂၈ ရာခိုင်နှုန်းစီ အသီးသီးနဲ့ အများဆုံး ရှိနေပါတယ်။
ငလျင်အပြီး လက်ရှိနေထိုင်နေတာဟာ အရင်အိမ်မှာပဲဖြစ်တယ်လို့ ဖြေဆိုသူဟာ ၅၃ ရာ ခိုင်နှုန်းနဲ့ အများဆုံးပါဝင်နေပြီး စိတ်ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ နည်းနည်း စိတ်ပူပေမဲ့ အဆင်ပြေတယ်လို့ ဖြေဆိုသူ ၄၆ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ကာ အရမ်းစိတ် ဖိစီးပြီး စိုးရိမ်နေတယ်လို့ ဖြေဆိုသူ ၃၉ ရာခိုင်နှုန်းအထိ ရှိနေတာပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခသလို ငလျင်လှုပ်ပြီး အချိန် ၁ လကျော် ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေမရ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။
Source: Report Myanmar