
ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ တောင်ပံတိုက်စစ်ကစားသမား လီရွိုင်းဆာနေးဟာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။
စကိုင်းစပေါ့ဂျာမနီရဲ့ ဖော်ပြချက်အရ ဘိုင်ယန်အသင်းဟာ ဆာနေးကို ၃ နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ လုပ်ခလျှော့ချခဲ့တာကြောင့် အဆင်မပြေဖြစ်နေပြီး ဆာနေးရဲ့အေးဂျင့်က အသင်းသစ် ရှာဖွေနေတယ်လို့ သိရပါတယ်။
ဘိုင်ယန်အသင်းဟာ ဆာနေးအပြင် ကွင်းလယ်ကြယ်ပွင့် မူဆီယာလာနဲ့ အယ်ဖွန်ဆိုဒေးဗီးစ် တို့ကိုလည်း သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပြီး အသုံးစရိတ် လျှော့ချနိုင်ဖို့အတွက် ဆာနေးရဲ့လုပ်ခကို ပေါင် ၄ သန်းကနေ ၆ သန်းအထိ လျှော့ချကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆာနေးဟာ အေးဂျင့်အသစ်လည်း ခန့်အပ်ထားတာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေအတွက် ခေါ်ယူနိုင်မယ့် အခွင့်အလမ်း ရှိလာနိုင်ပါတယ်။
မန်စီးတီးကစားသမားဟောင်း ဆာနေးကို ခေါ်ယူနိုင်တဲ့ အသင်းတွေထဲမှာ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ပါဝင်နေပါတယ်။
Photo:Reuters