Home
နိုင်ငံတကာ
ရုရှားနှင့် တရက်အတွင်း တိုက်ပွဲ ၂၅၃ ကြိမ်ဖြစ်ဟု ယူကရိန်းစစ်ဦးစီးချုပ်ပြော
DVB
·
May 6, 2025

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို လမ်းကြောင်းမျိုးစုံနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက မေ ၄ ရက်မှာ ပြောပါတယ်။

ယူကရိန်းကလည်း အရင်နေ့က ရှေ့တန်းမှာ တိုက်ပွဲ စုစုပေါင်း ၂၅၃ ကြိမ် ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ် အစီရင်ခံစာထဲမှာ ရုရှားတပ်ဖွဲ့တွေဟာ ဆူမီ၊ ခါခိဗ်၊ ဒန်ညက်စ်၊ ဇာပိုရစ်ရှားနဲ့ ခါဆွန်မြို့တွေဆီ ဦးတည်ပြီး ထိုးစစ်ဆင်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းနယ်စပ်က တိုက်ခိုက်မှုဟာ ရုရှားလျှပ်စစ်ပစ္စည်းစက်ရုံကို အကြီးအကျယ် ပျက်စီးစေခဲ့တာပါ။

မော်စကိုမြို့တော်ဆီ မောင်းသူမဲ့လေယာဉ်တွေ ဦးတည်သွားခဲ့တယ်လို့ မြို့တော်ဝန်က သတင်းပေးပို့ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ စုစုပေါင်း နေရာ ၁၅၈ ခုမှာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ စစ်လေယာဉ်ကွင်း အခြေခံအဆောက်အအုံတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေ၊ မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်တဲ့ အလုပ်ရုံတွေ၊ ဒရုန်းသိုလှောင်ရုံတွေနဲ့ ယာယီ အခြေချတပ်စခန်းတွေကို ပစ်မှတ်ထားခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းဒရုန်း ၁၄၆ စင်းကို ပစ်ချခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီနေ့မှာပဲ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ တိုက်ပွဲ ၂၃ ကြိမ် အပါအဝင် ရှေ့တန်းမှာ ရုရှားတပ်တွေနဲ့ တိုက်ပွဲပေါင်း ၂၅၃ ကြိမ် ဖြစ်ခဲ့တယ်လို့ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်း ဒုံးကျည်တပ်တွေနဲ့ အမြောက်တပ်တွေဟာ ရုရှားတပ်ဖွဲ့ဝင် ၇ ယောက်၊ လက်နက်ကိရိယာတွေ စုစည်းရာနေရာတွေ၊ အမြောက်စနစ် ၅ ခု၊ အီလက်ထရွန်နစ် စစ်ဆင်ရေးစခန်းတခု၊ UAV မောင်းသူမဲ့ ဒရုန်းယာဉ် ထိန်းချုပ်ရေးနေရာ ၂ ခုနဲ့ ရုရှားလေကြောင်းရန်ကာကွယ်ရေး ပစ္စည်းတခုတို့ကို ပစ်ခတ်ခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Source: Reuters

ရုရှား
ယူကရိန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013