
အခုနှစ်ရာသီအကုန်မှာ အသင်းပြောင်းရွှေ့တော့မယ့် နောက်ခံလူ အာနိုးလ်နဲ့ ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်ကြောင်း တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက ပြောသွားပါတယ်။
အင်္ဂလန်ညာနောက်ခံလူဟာ အခုနှစ်ရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းမတိုးတော့ဘဲ အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။
အာနိုးလ်အနေနဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်နေပြီး တချိန်မှာ ပြိုင်ဘက်အဖြစ် ပြန်လည်ဆုံတွေ့မှာ သေချာကြောင်း ဆာလာက ပြောခဲ့တာပါ။
အာနိုးလ်နဲ့အတူ သူငယ်ချင်းတွေလို ပေါင်းဖက်လာခဲ့ပြီး အသင်းဖော်အနေနဲ့လည်း အတူတွဲဖက် ကစားခဲ့ရတဲ့အပေါ် ဝမ်းမြောက်မိကြောင်း၊ အနာဂတ်မှာ အကောင်းဆုံးတွေ ဖြစ်ပါစေကြောင်းနဲ့ တချိန်မှာ သေချာပေါက် ပြန်လည်တွေ့ဆုံမယ်လို့ ယုံကြည်ကြောင်း မိုဆာလာက တွစ်တာမှာ ရေးသားထားပါတယ်။
Photo:Reuters