
အင်တာမီလန်အသင်းအနေနဲ့ ဗိုလ်လုပွဲ တက်နိုင်ဖို့အတွက် ဘာစီလိုနာကြယ်ပွင့် ယာမဲလ်ကို ရပ်တန့်နိုင်ရမယ်လို့ နောက်ခံလူ ဘက်စ်တိုနီက ပြောသွားပါတယ်။
အီတလီကလပ်ဟာ ပထမအကျော့ ဘာစီလိုနာအိမ်ကွင်းမှာ ၃ ဂိုးစီ သရေကစားနိုင်ခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းမှာ ယာမဲလ်ကို သတိထားကစားဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့တာပါ။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ယာမဲလ်ဟာ ပထမအကျော့မှာ အရေးပါတဲ့ ချေပဂိုး တဂိုး သွင်းယူပေးခဲ့ပြီး အင်တာခံစစ်ကို အလုပ်ရှုပ်စေခဲ့သူပါ။
ယူရိုပြိုင်ပွဲမှာတုန်းက စပိန်အသင်းနဲ့ ယှဉ်ပြိုင်ချိန်မှာ ယာမဲလ်နဲ့ရင်ဆိုင်ခဲ့ဖူးပြီး ဒီအချိန်မှာတော့ သူ့ရဲ့ ခြေစွမ်းအဆင့်အတန်းက အဲဒီတုန်းကလို မဟုတ်တော့ကြောင်း၊ ယာမဲလ်ရဲ့ ခြေစွမ်းတိုးတက်လာမှုအပေါ် ချီးကျူးမိပြီး သူ့ကို ရပ်တန့်နိုင်ဖို့ အတွက် ၂ ယောက် ကနေ ၃ ယောက်အထိ လိုအပ်နိုင်ကြောင်း ဘက်စ်တိုနီက ပြောသွားပါတယ်။