Home
အားကစား
ချန်ပီယံ လီဗာပူးအသင်းကို ဂုဏ်ပြုထိုက်ဟု ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာ ပြော
DVB
·
May 4, 2025

ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းဟာ ဂုဏ်ပြုမှုနဲ့ ထိုက်တန်ကြောင်း ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာက ပြောသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာကစားမယ့် လီဗာပူးနဲ့ပွဲစဉ်မှာ ကွင်းထဲဝင်လာမယ့် လီဗာပူးအသင်းကို ချန်ပီယံအသင်းအဖြစ် လက်ခုပ်တီးပြီး ဂုဏ်ပြုပေးရမှာပါ။

လီဗာပူးအသင်းက ချန်ပီယံဆုဖလားရယူနိုင်တဲ့အသင်း ဖြစ်တာကြောင့် ပွဲမစခင်မှာ လိုအပ်လို့ လက်ခုပ်တီး ဂုဏ်ပြုရမှာက ထိုက်တန်ကြောင်း၊ ပွဲစတင်တာနဲ့ တပြိုင်နက်မှာတော့ မိမိတို့ရဲ့ ရည်မှန်းချက်အတွက် တိုက်ခိုက်သွားရမှာဖြစ်ကြောင်း ကူကူရယ်လာက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၁၅ မေလကလည်း  စတီဗင်ဂျရတ်ဦးဆောင်တဲ့ လီဗာပူးအသင်းသားတွေဟာ အဲဒီအချိန်က ချန်ပီယံဖြစ်ခဲ့တဲ့ ချဲလ်ဆီးအသင်းသားတွေကို စတမ်းဖို့ဒ်ဘရစ်ချ်မှာပဲ လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ပါတယ်။

လီဗာပူး
ချဲလ်ဆီး
ချန်ပီယံ
ကူကူရယ်လာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013