
အာဆင်နယ်ကစားသမားဟောင်း ၂ ယောက် ဖြစ်တဲ့ ဂျက်ဝဲလ်ရိူင်းယားနဲ့ အာရွန်ရမ်ဆေးတို့ဟာ ပြိုင်ဘက်နည်းပြတွေအဖြစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပြန်လည်ဆုံတွေ့မှာပါ။
ဒီတစ်ပတ်မှာ ကစားကြမယ့် ချန်ပီယံရှစ်နောက်ဆုံးပွဲစဉ်မှာ နောဝှစ်ချ်စီးတီးနဲ့ ကာဒစ်စီးတီးတို့ တွေ့ဆုံနေတာပါ။
အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း ဝဲလ်ရိူင်းယားက နောဝှစ်ချ်ယာယီနည်းပြအဖြစ် တာဝန်ယူနေပြီး အာရွန်ရမ်ဆေးကလည်း ကာဒစ်စီးတီးအသင်းကို တာဝန်ယူနေတာကြောင့် အသင်းဖော်ဟောင်း ၂ ယောက် ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာတာပါ။
သူတို့ ၂ ယောက်ဟာ အာဆင်နယ်မှာ ၂၀၀၈ ကနေ ၂၀၁၈ ခုနှစ်အထိ ၁၀ နှစ်လောက် အတူကစားခဲ့သူတွေပါ။ ဝဲလ်ရိူင်းယားဟာ အာဆင်နယ်ယူ ၁၈ အသင်းကို တာဝန်ယူပြီး ကစားသမားကောင်းတွေကို မွေးထုတ်ပေးနိုင်ခဲ့တာကြောင့် နာမည်ရနေသူဖြစ်ပြီး နောဝှစ်ချ် အသင်း နည်းပြနေရာ လစ်လပ်နေချိန်မှာ ယာယီနည်းပြအဖြစ် တာဝန်ပေးအပ်ခံခဲ့ရတာပါ။
ရမ်ဆေးကတော့ အသင်းဟောင်း ကာဒစ်မှာကစားရင်း ဒဏ်ရာပြဿနာတွေရှိလာတာကြောင့် ကစားသမားဘ၀နေ အနားယူပြီး အသင်းကြီးနည်းပြအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။
Photo:Reuters