Home
မြန်မာသတင်း
လားရှိုးကို စစ်ကောင်စီ ပြန်အုပ်ချုပ်ပြီးနောက် သူခိုးများသောင်းကျန်းနေ 
DVB
·
May 2, 2025

MNDAA ကိုးကန့်တပ် ဆုတ်ခွာပေးခဲ့ရတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက သေခြာအုပ်ချုပ်နိုင်တာ မရှိသေးတာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ခိုးမှုတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် MNDAA ကိုးကန့်တပ်တွေ ဆုတ်ခွာပေးခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့ကို စစ်ကောင်စီတပ် အပါအဝင် သူ့ရဲ့ လက်အောက်ခံ ဌာနဆိုင်ရာက ပြန်လည်ဝင်ရောက်လာတာ  ၁၀ ရက်ကျော်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အုပ်ချုပ်ယန္တရားကို သေခြာမတည်ဆောက်နိုင်သေးတာကြောင့် စစ်ကောင်စီ ပြန်လည် အုပ်ချုပ်နေတဲ့ မြို့ပေါ် ရပ်ကွက် ၁၂ ခုမှာ ခိုးမှုတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေ ကပြောပါတယ်။

တရုတ်နိုင်ငံရဲ့ကြားဝင်မှုကြောင့် လားရှိုးမြို့ပေါ်ရပ်ကွက်တွေကနေ MNDAA ကိုးကန့်တပ်တွေ ဆုတ်ပေးလိုက်ရတယ်ဆိုပေမဲ့ မြို့ရဲ့ အပြင်ပတ်လည်မှာ ကိုးကန့်တပ်နဲ့ မဟာမိတ်အင်အားစုတွေက ဆက်လက်တပ်စွဲထားပါတယ်။

ဒါ့ကြောင့် မြို့တွင်းကို ပြန်လည်ဝင်ရောက်ခွင့်ရခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံတွေဟာ သူတို့ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စိတ်တွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ သြဂုတ်လမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ တရုတ်နိုင်ငံရဲ့ တာဝန်ရှိသူတွေက လားရှိုးကို ရောက်လာခဲ့ပြီး စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်ကို တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း MNDAA တပ်တွေဟာ လားရှိုးမြို့ကနေ ဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီတပ် အပါအဝင် သူ့လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ ဟာ ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

သူခိုး
လားရှိုး
သောင်းကျန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013