Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် ရဲဘော် ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
DVB
·
May 1, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ရဲဘော် တယောက်က ဧပြီလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်ရဲဌာန KSP ဒုရဲချုပ် ကိုဘိုဘိုက “သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးဖို့အတွက် အမှတ် ၁၀ ကရင်နီပြည်ရဲစခန်းမှာ သေမှုသေခင်း အမှတ်စဥ် ၁ /၂၀၂၅ နဲ့ အမှုဖွင့်ပြီးတော့မှ စုံစမ်းစစ်ဆေးတာရှိပါတယ်” လို့ ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ရဲဘော် သာလှိုင်က အလယ်ပိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် ၁၁၀၉ တပ်ရင်း မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အနေအေးတဲ့သူတယောက်ဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော်တယောက်က “သူ့ကိုယ်သူ အဆုံးစီရင်သွားတာ၊ တပ်ရင်းက ဆရာမကလည်း သူ့ body ကို သေချာစစ်ကြည့်ပြီးသွားပြီ၊ အတည်ပြုတာမျိုးပေါ့နော်။ သူက စိတ်ညစ်စရာတော့ရှိပေမဲ့ Suicide လုပ်မယ်လို့ စိတ်ထဲ။ သူနဲ့တွေ့တဲ့ ရဲဘော်တွေနဲ့လည်း အေးဆေးဆေးပဲ။ Suicide လုပ်တဲ့နေ့ကလည်း ရွာခဏပြန်မယ်ဆိုပြီး ဓာတ်ဆီဆိုင်ပို့ခိုင်းတယ်။ ဓာတ်ဆီဆိုင်ကနေ Suicide လုပ်တဲ့နားထိ လမ်းလျှောက်သွားတာနေမှာ တော်တော်လည်း ဝေးတယ်” လို့ ပြောပါတယ်။

သေဆုံးခဲ့ရသူက လွိုင်လင်ဇာတိဖြစ်ပြီး ရုပ်အလောင်းကို စျာပနပြုလုပ်ပေးဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်အတွင်းကလည်း ဒီးမော့ဆိုမှာ စိတ်ဖိစီးမှုကြောင့်လို့ ယူဆရတဲ့ အမျိုးသား ၁ ယောက် အဆုံးစီရင်မှု ရှိခဲ့ပါတယ်။

ဒီးမော့ဆို
အဆုံးစီရင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013