Home
မြန်မာသတင်း
၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆၉၀ သာရှိ
DVB
·
April 29, 2025

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တနှစ်ထက်တနှစ် ကျဆင်းလာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏဟာ ပြီးခဲ့တဲ့ မတ် ၃၁ ရက်မှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၉၀ သာ ဝင်ရောက်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု ကဏ္ဍာပေါင်း ၁၂ ခု အနက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ ရေနံနဲ့ ဓာတ်ငွေ့၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုစတဲ့ ကဏ္ဍ ၇ ခုမှာသာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့တာပါ။

ရေနံနဲ့ သဘာဝဓာတ်ငွေ ကဏ္ဍာမှာ အမေရိကန်‌ဒေါ် ၃၅၇ သန်းကျော် အများဆုံး ဝင်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍမှာတော့ ၁၈၂ ဒသမ ၇ သန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ၈၇ ဒသမ ၇ သန်း၊ ဝန်ဆောင်မှုကဏ္ဍမှာ ၅၁ သန်း အသီးသီး ဝင်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် စွမ်းအင်ကဏ္ဍမှာ ၈ ဒသမ ၅ သန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာ ၂ ဒသမ ၆၅ သန်း၊ စိုက်ပျိုးရေးမှာ သုည ဒသမ ၅၂ သန်းသာ ဝင်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံပေါင်း ၁၄ နိုင်ငံက ဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြတဲ့အနက် စင်ကာပူနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၄၆၀ ဒသမ ၄၅၈ သန်းနဲ့ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံက ကန်ဒေါ်လာ ၉၄ သန်းကျော်တဲ့ ဒုတိယ၊ ထိုင်းနိုင်ငံက ကန်ဒေါ်လာ ၄၆ သန်းကျော်နဲ့ တတိယ၊ ဟောင်ကောင်က ကန်ဒေါ်လာ ၃၀ ဒသမ ၂၃ သန်းကျော်နဲ့ စတုတ္ထ အများဆုံး ရင်းနှီးမြှုပ်နှံထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဝင်ရောက်မှုဟာ အမေရိကန်ဒေါ်လာ ၆၆၁ ဒသမ ၆ သန်းသာ ဝင်ရောက်ခဲ့ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၆၉၀ ဒသမ ၁၈၉ သန်း ဝင်ရောက်ခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံမှု အနည်းငယ် မြင့်တက်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ အာဏာသိမ်းတဲ့ ဒုတိယနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရှိခဲ့သလို အာဏာမသိမ်းမီနှစ်ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း နိုင်ငံရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံရှိခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏဟာ သိသိသာသာ လျော့ကျနေဆဲပဲ ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
စစ်ကောင်စီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013