
မန်ယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းထက်ပိုပြီး ကြီးမားတဲ့အသင်းအဖြစ်ရှိနေဆဲဖြစ် ကြောင်း နောက်ခံလူဟောင်း ဖာဒီနန်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ပြီးနောက် မန်ယူအသင်းနဲ့အတူ အမှတ်ပေးလိဂ်ချန်ပီယံဆု အကြိမ် ၂၀ မြောက်ရယူနိုင်ခဲ့ပြီး အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် သတ်မှတ်ခံရတာပါ။
မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ် ကိုယ်တိုင်က အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းဆိုတာ ဘယ်သူလဲဆိုတဲ့ စကားစစ်ထိုးပွဲတွေက ပြီးဆုံးသွားပြီဖြစ်ကြောင်း ဝန်ခံထားပေမဲ့ ဖာဒီနန်ကတော့ မန်ယူအသင်းက ပိုပြီး ကြီးမားတဲ့အသင်းဖြစ်ကြောင်း သူ့ရဲ့ Youtube Channel ကနေ ပြောသွားတာပါ။
လီဗာပူးအသင်းက အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သွားပေမဲ့ အကြီးမားဆုံးအသင်းတော့ မဟုတ်ကြောင်း၊ ကမ္ဘာရဲ့ ဘယ်နေရာဆီသွားသွား ယူနိုက်တက်ပရိသတ်တွေက ပိုပြီး များပြားတာကြောင့် မန်ယူနိုက်တက်က အင်္ဂလန်ရဲ့အကြီးမားဆုံးအသင်းဖြစ်ကြောင်း ဖာဒီနန်က ပြောပါတယ်။
ဒါပေမဲ့ လက်ရှိအတိုင်းဆက်သွားမယ်ဆိုရင်တော့ လီဗာပူးပရိသတ်တွေပိုများလာပြီး ယူနိုက်တက် ပရိသတ်တွေ လျော့နည်းသွားနိုင်ကြောင်း ဖာဒီနန်က သတိပေးသွားပါတယ်။
Photo: Reuters