Home
မြန်မာသတင်း
စံချိန်တင် ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ် ၇၄ သိန်း ကျော်ထိ မြင့်တက်
DVB
·
April 22, 2025

ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ၃၃၉၀ ဒေါ်လာအထိ  စံချိန်သစ်တင် ထပ်မံမြင့်တက်လာတာနဲ့အတူ  ပြည်တွင်း အခေါက်ရွှေဈေးလည်း တကျပ်သားကို ကျပ် ၇၄ သိန်း ကျော်အထိ ထပ်မံ မြင့်တက်လာပါတယ်။

ဧပြီ ၂၀ ရက်နေ့မှာတော့ ၁၆ ပဲရည် တကျပ်သားဟာ ၇၂ သိန်းကျပ် ဝန်းကျင်ရှိခဲ့တာကြောင့် တရက်အတွင်း ၂ သိန်းကျပ် ထပ်တက်လာခဲ့ပါတယ်။

ကမ္ဘာ့ ရွှေဈေးကွက်မှာတော့ ရွှေဈေးဟာ ဧပြီ ၂၀ ရက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၃၃၁၅ ဒေါ်လာ ရှိခဲ့ရာကနေ ဧပြီ ၂၁ ရက်မှာတော့  ၃၃၉၀ အထိ မြင့်တက်လာခဲ့ပြီး တရက်အတွင်း ၇၅ ဒေါ်လာ မြင့်တက်လာခဲ့ပါတယ်။

ဈေးကွက် သုံးသပ်သူတယောက်က "ကမ္ဘာ့ရွှေ ၃၃၉၀ အထိစျေးတက်ခဲ့ပါတယ်။ကမ္ဘာ့ရွှေသမိုင်းမှာတော့ အမြင့်ဆုံး တက်ခဲ့တဲ့စျေးပါ" လို့ ပြောပါတယ်။

ဒါကြောင့် ပြည်တွင်း ရွှေဈေးလည်း လိုက်ပါမြင့်တက် နေပြီး ဈေးကွက်အတွင်းမှာလည်း နာရီပိုင်းအတွင်းမှာတင် ဈေးနှုန်း အပြောင်းအလဲဖြစ်ပြီး ဈေးနှုန်း မငြိမ် ဖြစ်နေပါတယ်။

ပြင်ပ ရွှေဈေးနှုန်း တောက်လျှောက် မြင့်တက်နေပေမဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ ရွှေရည်ညွှန်းဈေးကတော့ တကျပ်သားကို ကျပ် ၅၆ သိန်းကျော်မှာပဲ ဈေးငြိမ် နေပါတယ်။အမေရိကန် ဒေါ်လာဈေးကတော့ ဆက်လက် ကျဆင်း‌ နေပြီးလက်ရှိမှာ တဒေါ်လာကို ၄၄၂၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

ရွှေဈေး
စံချိန်တင်မြင့်တက်
ကမ္ဘာ့ရွှေဈေး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013