Home
မြန်မာသတင်း
စစ်ကောင်စီက စက်သုံးဆီဈေးနှုန်းများ လျှော့ချသတ်မှတ်
DVB
·
April 19, 2025

စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဧပြီ ၁၈ ရက်မှာ အသစ်ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေမှာ တလီတာကို ကျပ် ၃,၀၀၀ အောက်အထိ လျှော့ချ သတ်မှတ်လိုက်ပါတယ်။

လျှော့ချသတ်မှတ်လိုက်တဲ့ ဈေးနှုန်း‌တွေအရ Octane 92 အမျိုးအစား တလီတာကို အရင် ၃,၀၅၀ ကျပ်ကနေ အခု ၂,၇၄၀ ကျပ်အထိ လျော့ကျလာပြီး Octane 95 အမျိုးအစားက တလီတာကို ၃,၁၁၀ ကျပ်ကနေ ၂,၈၀၀ ကျပ်အထိ လျော့ကျလာပါတယ်။

ဒါ့အပြင် ဒီဇယ်အမျိုးအစားက အရင် တလီတာကို ၂,၅၉၀ ကျပ်ကနေ ၂,၃၉၀ ကျပ်အထိ ကျဆင်းသွားပါတယ်။

ဓာတ်ဆီ တလီတာကို ၃၁၀ ကျပ်၊ ဒီဇယ် တလီတာကို ကျပ် ၂၀၀ ကနေ ၂၄၀ ကျပ်အကြား အခုတပတ်မှာ ကျဆင်းလာတာပါ။

ဒီလို ဈေးနှုန်းလျော့ကျလာမှုက မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ကျဆင်းလာတာနဲ့အတူ စစ်ကောင်စီရဲ့ ဈေးနှုန်းထိန်းချုပ်မှု မူဝါဒတွေကြောင့် ဖြစ်နိုင်တယ်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာ ကမ္ဘာရေနံစိမ်းဈေးကတော့ တပတ်တာအတွင်း ၂ ရာခိုင်နှုန်းကျော် ပြန်တက်လာပြီး တစည်ကို ၆၇ ဒေါ်လာအထက် ရောက်ရှိနေပါတယ်။

မြန်မာကျပ်ငွေနဲ့ ဒေါ်လာ ငွေလဲနှုန်းကတော့ အနည်းငယ် ပြန်ကျဆင်းနေပြီး ဒီကနေ့မနက်ပိုင်းမှာ တဒေါ်လာကို ၄,၄၂၀ ကျပ်မှာ ရပ်တည်နေတာ တွေ့ရပါတယ်။

ဈေးနှုန်း
စက်သုံးဆီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013