Home
မြန်မာသတင်း
မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအဖွဲ့က လက်မှုထုတ်ကုန်များရောင်းပြီး ငလျင်သင့်ပြည်သူများကို  လှူဒါန်းမည်
DVB
·
April 17, 2025

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရောက် မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအဖွဲ့က လက်မှုထုတ်ကုန် ပစ္စည်းတွေကို ရောင်းချပြီး ငလျင်ဘေးသင့် စစ်ကိုင်းပြည်သူတွေကို  လှူဒါန်းသွားဖို့ ရှိနေပါတယ်။

မဲဆောက်မြို့ရောက် မြန်မာအမျိုးသမီး လက်မှုလုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့  Resilient Women’s Creative Network အဖွဲ့က မိမိတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ လက်မှုပစ္စည်းထုတ်ကုန်မျိုးစုံကို ပြသရောင်းချပြီး ရရှိလာတဲ့ ငွေကြေးအားလုံးကို ငလျင်ဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

Resilient Women’s Creative Network အဖွဲ့မှ မဇာလီက “၁၀၀ ရာခိုင်နှုန်းလှူနိုင်လား မေးပြီးမှ အဖွဲ့မှာ ရောင်းခိုင်းတာ။ ကိုယ့်စရိတ်ကိုယ်စားပြီး အားလုံးလှူမှာ” လို့ ပြောပါတယ်။

Resilient Women’s Creative Network  အဖွဲ့မှ အဝင်းက  “ကျမက CDMer ကိုယ်တိုင်ထုတ်တဲ့ product ကို ရောင်းချပြီး ရာခိုင်နှုန်းပြည့် လှူဒါန်းမှာပါ” လို့ ပြောပါတယ်။

ဒီအဖွဲ့ဟာ ဧပြီ ၁ ရက်နေ့ကတည်းက စတင်လှည့်လည်ရောင်းချခဲ့တာဖြစ်ပြီး အခုဆိုရင် ထိုင်းဘတ်ငွေ ၁ သိန်းခွဲ ရရှိထားပြီးဖြစ်ပါတယ်။

Resilient Women’s Creative Network  အဖွဲ့ဟာ စစ်အာဏာရှင်ကို တော်လှန်ရင်း ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ကိုယ်တက်ကျွမ်းတဲ့ အတတ်ပညာတွေနဲ့ ဖန်တီးထုတ်လုပ်နေသူ  အမျိုးသမီးတွေစုပေါင်းထားတဲ့  အဖွဲ့ဖြစ်ပါတယ်။

နေရာအစုံမှာ မနက်ည လှည့်ရောင်းတာ ၆ ရက်ပြီဖြစ်ပြီး ငွေမလှူနိုင်တာကြောင့် တတ်ကျွမ်းတဲ့ပညာနဲ့ လှူကြတာလို့  မဇာလီက ပြောပါတယ်။ သူတို့အဖွဲ့ရဲ့ ရောင်းချလို့ရရှိလာတဲ့ အလှူငွေအားလုံးကို စစ်ကိုင်းဘက်က ငလျင်သင့် တော်လှန်ရေးမိသားစုတွေဆီ ပို့ဆောင်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒီအဖွဲ့ဟာ ဒေသခံ အမျိုးသမီးတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်နေတဲ့ အဖွဲ့တခုဖြစ်ပြီး ငလျင်ဘေးကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုတွေကို ပြန်လည်ကူညီဖို့ ဒီလှူဒါန်းရေးလုပ်ငန်းကို စီစဉ်ခဲ့တာလို့ သိရပါတယ်။

အေးမိစံ

ငလျင်
အမျိုးသမီးလုပ်ငန်းရှင်များအဖွဲ့
လက်မှုထုတ်ကုန်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013