Home
မြန်မာသတင်း
စက်သုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်းအထိ ဗဟိုဘဏ်က ရောင်းချပေးမည်
DVB
·
April 17, 2025

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်းအထိ ထပ်မံထုတ်ရောင်းပေးမယ်လို့ ဧပြီ ၁၆ ရက်မှာ ကြေညာပါတယ်။

ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်ကလည်း  စက်သုံးဆီ လုပ်ငန်းတွေအတွက် ဒေါ်လာ သန်း ၃၀ ရောင်းချပေးမယ်လို့ ကြေညာချက်ထုတ်ခဲ့ပြီး အဲဒီနေ့မှာပဲ ဒေါ်လာသန်း ၄၀ ကို ထုတ်ရောင်းချ ပေးခဲ့တာ တွေ့ရပါတယ်။

ဗဟိုဘဏ်အနေနဲ့ အရေးကြီး ကုန်စည်ဖြစ်တဲ့ စက်သုံးဆီ တင်သွင်းဖို့အတွက် နိုင်ငံခြားငွေတွေကို ခုလို မကြာခဏ ထုတ်ရောင်းချပေးလေ့ရှိပါတယ်။ ဒါပေမဲ့  နိုင်ငံခြားငွေ မကြာမကြာ ထုတ်ရောင်းပြီး  ဈေးနှုန်းထိန်းချုပ်တဲ့  စစ်ကောင်စီရဲ့ စနစ်အပေါ် ရေရှည် အလုပ်ဖြစ်နိုင်ပါ့မလားလို့ စီးပွားရေး လေ့လာ စောင့်ကြည့်သူတွေက မေးခွန်ထုတ်နေကြဆဲပါ။

ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်ကလည်း ဒေါ်လာသန်း ၄၀၊ ဧပြီ ၁၀ ရက်နေ့က ၁ ဒသမ ၈၉ သန်း နဲ့ အခု ဧပြီလအတွင်း အမေရိကန်ဒေါ်လာ  ၄၂သန်း ဝန်းကျင် ထုတ်ရောင်းချထားပြီး ဖြစ်ပါတယ်။

ပြင်ပဈေးကွက်မှာတော့ ဒေါ်လာဈေးက ဆက်လက်ကျဆင်းနေပြီး မတ်လအတွင်းက တဒေါ်လာကို ၄၄၅၀ ကျပ်ဝန်းကျင်ရှိခဲ့တဲ့ ဈေးနှုန်းက ဧပြီ ၉ ရက်နေ့မှာ ကျပ် ၄၄၁၀ အထိ ကျဆင်းနေပါတယ်။

ဒေါ်လာဈေးနဲ့ ကမ္ဘာရေနံစိမ်းဈေး ပြန်ကျပေမဲ့ ပြည်တွင်း ဓာတ်ဆီဈေးတွေကတော့ ပြီးခဲ့တဲ့ သီးတင်းပတ်ထက် တလီတာကို ၁၀ ကျပ်ကနေ ၆၀ ကျပ်အကြား ထပ်မံမြင့်တက်လာတာ တွေ့ရပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဈေးနှုန်း ထုတ်ပြန်ချက်အရ အခုတပတ်မှာ ၉၂ တလီတာကို ၃,၀၅၀ ကျပ်၊ ၉၅ တလီတာ ၃,၁၁၀ ကျပ်ရှိပြီး ဒီဇယ်တလီတာကို ၂,၅၉၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၃,၂၀၀ ကျပ် အသီးသီး ရှိနေပါတယ်။

ဗဟိုဘဏ်
ရောင်းချ
အမေရိကန်ဒေါ်လာ
စက်သုံးဆီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013