Home
အနုပညာ
“ရောင်နီ Live in Maryland” ဂီတဖျော်ဖြေပွဲမှ ရန်ပုံငွေ ဒေါ်လာ ၁၃၀,၀၀၀ ကျော် ရရှိ
DVB
·
April 14, 2025

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ “ရောင်နီ Live in Maryland” ဂီတဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်မှာ ဒေသစံတော်ချိန် ဧပြီ ၁၂ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာမှာ တော်လှန်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၁၃၀,၀၀၀ ကျော်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက သတင်းထုတ်ပြန်ပါတယ်။

ရလာတဲ့ ရန်ပုံငွေတွေကို တော်လှန်မိသားစုတွေရဲ့ ပြန်လည်ထူထောင်ရေး၊ ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်တဲ့ မိသားစုတွေ၊ CDM မိသားစုတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ဦးစားပေးကူညီသွားမှာဖြစ်ပါတယ်။ 

ဒုတိယအဆင့်အနေနဲ့ မြေပြင်တော်လှန်ရေးခေါင်းဆောင်တွေရဲ့စီမံမှုနဲ့ ပညာရေးစရိတ် ပို့ဆောင်ကူညီတာ၊ တတိယအဆင့်အနေနဲ့ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ဒေသစုံက ပြည်သူတွေအတွက် တန်းတူရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ ထည့်ဝင်ကူညီသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တေးဂီတဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးက မြန်မာပရိသတ် ၁,၀၀၀ ကျော် တက်ရောက်ခဲ့ပြီး လင်းလင်း နဲ့ ချစ်သုဝေ လက်မှတ်ပါတဲ့ ရွှေဟန်းချိန်းကို လေလံတင်ရာမှာ ဒေါ်လာ ၁၀,၀၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။

ရန်ပုံငွေ
ဂီတဖျော်ဖြေပွဲ
ချစ်သုဝေ
လင်းလင်း
ရောင်နီ
Live in Maryland

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013