Home
မြန်မာသတင်း
သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက ငလျင်ကြောင့် အိမ်ထောင်ဦးစီးဆုံးရှုံးသွားသည့် မိခင်များကို ထောက်ပံ့မည်
DVB
·
April 13, 2025

အင်အားပြင်း ငလျင်ကြောင့် အိမ်ထောင်ဦးစီး ဆုံးရှုံးပြီး သား၊ သမီး ကျန်ရှိခဲ့တဲ့ Single Mother မိခင်တွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။

မိခင်တွေကို လစဉ်ငွေကျပ် ၁ သိန်းစီ ၁ နှစ်တိတိထောက်ပံ့သွားမှာဖြစ်ပြီး နန်းမြတ်ဖြိုးသင်းက  ၅ ယောက်စာ ကျပ်သိန်း ၆၀  မတည်ထောက်ပံ့ပေးဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

တခြားပါဝင်ချင်သူတွေလည်း လှူဒါန်းနိုင်မှာဖြစ်ပြီး တယောက်ကို တနှစ်စာရေရှည်ထောက်ပံ့ ပေးရမယ်လို့ ဆိုပါတယ်။

ငွေ ၁ သိန်းဟာ များတဲ့ ပမာဏမဟုတ်ပေမဲ့ နောက်လမှာ သုံးဖို့စာရိတ်လေးရှိမယ်ဆိုတဲ့ စိတ်လုံခြုံမှုလေးထောက်ပံ့ပေးချင်တာာကြောင့် ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီးလှုပ်ရှားခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံအနှံ့ကပြည်သူ ၄၃၅၅ ယောက်သေဆုံးခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

ငလျင်ဘေး
ထောက်ပံ့
နန်းမြတ်ဖြိုးသင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013