Home
အနုပညာ
ငလျင်ဘေး ကူညီရန် ရန်ပုံငွေဂီတပွဲတော် ချင်းမိုင်တွင် ကျင်းပ (ဓာတ်ပုံ) 
DVB
·
April 10, 2025

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ဘေးဒဏ်သင့် ဒေသတွေကို ကူညီပေးနိုင်ဖို့ မြန်မာရန်ပုံငွေဂီတပွဲတော်တခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဧပြီ ၆ ရက်က ကျင်းပခဲ့ပါတယ်။

ဒီရန်ပုံငွေဂီတပွဲတော်ကိုတော့ Triple Edge၊ River Catchers၊ Do One Thing၊ Bamama နဲ့ North Gate Jazz Co-op စတဲ့ ဂီတအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အစားအသောက် ရောင်းချတဲ့ ဈေးဆိုင်တွေ ပါဝင်အားဖြည့်ခဲ့ကြတာပါ။

ဒီရန်ပုံငွေဂီတပွဲတော်မှာ ဖျော်ဖြေခဲ့တဲ့ Triple Edge ဂီတအဖွဲ့က အဆိုတော် Kan Kyi ကတော့ “ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီဖို့ ဒီ ချင်းမိုင်မှာရှိတဲ့ မြန်မာတွေအနေနဲ့ တတ်နိုင်သမျှ ကူညီပေးချင်ပါတယ်။ ကျနော်တို့လုပ်နိုင်သမျှ တတ်နိုင်သမျှ အရာအားလုံးလုပ်ပြီး ကူညီပေးချင်ပါတယ်” လို့ ပြောပါတယ်။

ဒီရန်ပုံငွေဂီတပွဲတော်ကနေ ရရှိခဲ့တဲ့ ထိုင်းဘတ် ၉၆၀,၀၀၀ ကို Burma Study Centre (BSC) နဲ့ မြန်မာကျောင်းသားများအဖွဲ့အစည်း - ချင်းမိုင်တက္ကသိုလ် (BSA - CMU) တို့ ပူးပေါင်းဆောင်ရွက်ထားတဲ့ မြေငလျင်ထိခိုက်မှုများအတွက် ကူညီရေးရန်ပုံငွေရှာဖွေခြင်း အစီအစဉ်ကတဆင့် ငလျင်ဒဏ် အပြင်းထန်ဆုံး ခံစားနေရတဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသတွေကို ထောက်ပံ့ကူညီသွားမှာလည်း ဖြစ်ပါတယ်။

ချင်းမိုင်
ဂီတပွဲ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013