Home
သတင်းဓာတ်ပုံ
အင်အားပြင်းငလျင်ကြောင့် ဘာသာရေး အဆောက်အအုံ ၅,၃၀၀ ကျော်ပျက်စီး (ဓာတ်ပုံ)  
DVB
·
April 8, 2025

အင်အားပြင်းငလျင်ကြောင့် အများဆုံးထိခိုက်ခဲ့တဲ့ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ လူပေါင်း ၃ ဒသမ ၄ သန်းလောက် ဘေးသင့်ခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၅,၃၀၀ ကျော်ပျက်စီးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဆီက သိရပါတယ်။

ဧပြီ ၇ ရက် ညပိုင်းထုတ်ပြန်တဲ့ အချက်အလက်တွေအရ အဲဒီဒေသတွေမှာ ဘေးသင့်သူပေါင်း ၃,၂၉၂,၉၉၄ ယောက်၊ သေဆုံးသူ ၃,၅၅၀ ယောက်၊ ဒဏ်ရာရသူ ၄,၆၈၉ ယောက်ရှိပြီး အယောက် ၂၂၀ ကတော့ ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။

ဘာသာရေးအဆောက်အအုံပေါင်း ၅,၃၂၄ ခု ထိခိုက်ပျက်စီးခဲ့ရပြီး ဒီထဲမှာ ဘုန်းကြီးကျောင်း၊ ဗလီ၊  ဓမ္မာရုံ၊ စေတီ၊ ခရစ်ယာန်ဘုရားကျောင်း  စတာတွေ အားလုံးပါဝင်တယ်လို့ ဆိုပါတယ်။

ရုံး၊ ဆေးရုံ၊ ဘဏ်၊ လမ်းတံတားစတဲ့ အခြေခံအအောက်အအုံပေါင်း ၄,၆၀၃ ခု ပျက်စီးခဲ့ပြီး အိမ်ပေါင်း ၃၂,၃၆၈ လုံး၊ စာသင်ကျောင်း ၅၅၄ ကျောင်း ပျက်စီးခဲ့တယ်လို့ ဆို ပါတယ်။

ထိခိုက်ပျက်စီးစာရင်းမှာတော့ တစိတ်တပိုင်း ထိခိုက်ပျက်စီးတာကိုရော လုံးဝပြိုကျ ပျက်စီးတာကိုပါ ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

NUG ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန တာဝန်ရှိသူက “ဒေတာပိုင်းဆိုရင် တနိုင်ငံလုံး ကောက်နိုင်အောင် ကျနော်တို့ရဲ့ resource (အင်အား)တွေရှိပါတယ်။ မြေပြင်မှာလည်း အချက်အလက်တွေ ပေးနေတဲ့ ကျနော်တို့ရဲ့ ပြည်သူတွေရော၊ ကျနော်တို့ရဲ့ တာဝန်ခံတွေလည်း ရှိပါတယ်။ ထုတ်ပြန်တဲ့ အချက်အလက်တွေက ဒီကနေရရှိတဲ့ real data (အချက်အလက်မှန်)တွေဖြစ်ပါတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းထဲမှာ အများဆုံး ထိခိုက်ပျက်စီးခဲ့ရပြီး  ဧပြီ ၆ ရက် စာရင်းတွေအရ ဘေးသင့်သူပေါင်း ၂,၂၄၉,၀၅၈ ယောက်၊ သေဆုံးသူ ၁,၈၀၈ ယောက်၊ ဒဏ်ရာရသူ ၆၅၄ ယောက်နဲ့ ပျောက်ဆုံးသူ ၂၀၅ ယောက်ရှိပါတယ်။

ပြီးတော့ ဘာသာရေးအဆောက်အအုံ ၃,၃၈၈ ခုနဲ့ အခြေခံအဆောက်အအုံ ၁,၅၃၇၊ အိမ် ၁၇,၆၃၇ လုံး ပျက်စီးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ဘေးသင့်သူပေါင်း ၄၂၈,၇၆၁ ယောက်၊ သေဆုံးသူ ၆၉၃ ယောက်၊ ဒဏ်ရာရသူ ၈၇၀ နဲ့ ပျောက်ဆုံးသူ ၂ ယောက်ရှိပြီး ဘာသာရေးအဆောက်အအုံ ၄၀၀၊ အခြေခံအဆောက်အအုံ ၅၀၅ ခု၊ အိမ် ၄,၇၄၅ လုံး ပျက်စီးခဲ့ရပါတယ်။

Source: NUG

အင်အားပြင်းငလျင်
ဘာသာရေးအဆောက်အအုံ
စစ်ကိုင်းငလျင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013