Home
အနုပညာ
တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း တကိုယ်တော်ရှိုးပွဲအတွက် ဆစ်ဒနီမြို့ ရောက်ရှိ (ဓာတ်ပုံ)
DVB
·
March 24, 2025

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ တကိုယ်တော် ရန်ပုံငွေဂီတဖျော်ဖြေပွဲအတွက်  မတ် ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ကို ရောက်ရှိလာပါတယ်။

ဆစ်ဒီနီလေဆိပ်ကို ရောက်လာတဲ့ ဖြူဖြူကျော်သိန်းကို  ဩစတြေးလျရောက် မြန်မာအသိုက်အဝန်းနဲ့ သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေက ပန်းစည်းတွေ၊ ပိုစတာတွေနဲ့  ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ဂီတဖျော်ဖြေပွဲကို ဆစ်ဒနီမြို့ရှိ ကမ္ဘာကျော်  Riverside Theatre Parramatta  ကဇာတ်ရုံကြီးမှာ ဧပြီ ၅ ရက် ညနေပိုင်းမှာ ကျင်းပမှာဖြစ်ပြီး ပရိသတ်နဲ့ တွေ့ဆုံနှုတ်ဆက်ပွဲလည်း ပြုလုပ်ဖို့ ရှိနေပါတယ်။

ပွဲလက်မှတ်တွေကိုတော့ စိန်လက်မှတ်၊ ပတ္တမြားလက်မှတ်၊ နီလာလက်မှတ်၊ ရွှေလက်မှတ်၊ ငွေလက်မှတ်၊ ဒေါ်လာ ၂၅၀ ကနေ ၁၅၀ အထိ အစားစားသတ်မှတ်ထားပြီး၊ Meet and Greet အတွက်လည်း လက်မှတ်တွေကို ဒေါ်လာ ၁၅၀ ကျပ်နဲ့ Riverside Theatre ဝက်ဘ်ဆိုက်မှာ တိုက်ရိုက်ဝယ်ယူနိုင်သလို ပွဲကျင်းပရေး ကော်မတီဆီမှာလည်း စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်။

မတ်လ ၂၄ ရက်အထိ  လက်မှတ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်း ရောင်းချပြီးသွားပြီလို့ ပွဲစီစဉ်သူ တယောက်ထံကနေ သိရပါတယ်။

အလားတူ မဲလ်ဘုန်းမြို့မှာလည်း ဖြူဖြူကျော်သိန်းရဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ဧပြီ ၁၂ ရက်မှာ ပြုလုပ်သွားဖို့ရှိပြီး ဩစတေးလျနိုင်ငံရှိ  မြို့ကြီး ၂ မြို့မှာ ကျင်းပသွားမှာလို့ သိရပါတယ်။

ဖြူဖြူကျော်သိန်းဟာ ဒီမတိုင်ခင်ကလည်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့နဲ့ တောင်ကိုရီးယားနိုင်ငံတွေ မှာလည်း  တော်လှန်ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။

သူဟာ လုံးဝမသက်ဆိုင်တော့ပါ အမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတ လောကထဲကို ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာ အတွဲခွေတွေမှာရော၊ တကိုယ်တော် တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာနဲ့ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော်ဖြစ်သလို စစ်အာဏာသိမ်းကာလမှာလည်း ပြည်သူနဲ့တသားတည်းရပ်တည်နေတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။

ဆစ်ဒနီ
ဖြူဖြူကျော်သိန်း
တော်လှန်အနုပညာရှင်
တကိုယ်တော်ရှိုးပွဲ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013